Chapter 29

267 53 7
                                    

လျန်ကျန်းရဲ့လည်စလုတ်က တချက်လှုပ်သွားပြီး သူ့နှလုံးသားက ရုတ်တရက်ကို ငြိမ်ကျသွားတယ်၊ ဘယ်သူကမှ သူ့ကိုဂရုမစိုက်တဲ့ကြားက သူကရှေ့ကို ခြေနှစ်လှမ်းတိုးလိုက်ပြီး Judeလက်ထဲက မိုက်ကို ဆတ်ခနဲ ပြန်လုလိုက်တယ်..

စင်ပေါ်ကို အနိုင်အရှုံးဆုံးဖြတ်ပေးဖို့ ပြန်တက်လာတဲ့ hostက ဒီလိုဖြစ်မယ်မှန်း မသိဘူး၊ အခုပဲ ချန်ပီယံရှစ်ကို ကြေညာရတော့မယ်ထင်ထားတာ၊ ဒါပေမဲ့ လျန်ကျန်းပုံက နောက်တချီစချင်သေးပုံပေါ်တယ်၊ သူ့ထက် Djသမားက ပိုပျာယာခတ်သွားတယ်၊ သူက Djကို ပြန်တီးဖို့လုပ်လိုက်ပေမဲ့ လျန်ကျန်းက လက်နဲ့ "နေဦး"ဆိုတဲ့ ပုံနဲ့တားပြလိုက်တယ်..

ပြောရရင်တော့ လျန်ကျန်းဘာလုပ်ချင်နေလဲ hostက တကယ်မသိဘူး၊ အဲ့လိုနဲ့ စင်ပေါ်ကနေ အံ့အားသင့်သွားကြတာကစပြီး ပရိသတ်တွေပါ အံ့ဩကုန်ကြတယ်၊ live house တခုလုံးက ရုတ်ချည်းငြိမ်ကျသွားပြီး လူတိုင်းက လျန်ကျန်းကို ကြည့်နေကြတယ်၊ လျန်ကျန်းကလည်း ပရိသတ်ကို အကြာကြီး မစောင့်ခိုင်းဘူး၊ သူမိုက်ကို ဆွဲယူပြီး ပြောလိုက်တဲ့ ပထမဆုံးစာသားက "Ok Arabella"

ဘေးကနေ Djဘာညာ အားဖြည့်ပေးဖို့ မလိုဘဲ အလွတ်ဆိုမယ်..

"Ok! Ok" လျန်ကျန်းကို host ကတကယ်တော်တဲ့သူ အနေနဲ့ လေးစားမှုရှိတယ်၊ ဒီလောက်အားကောင်းတဲ့ ဖိအားအောက်မှာတောင် သူက တွဲဖက်တီးလုံးမပါဘဲ ထပ်ဆိုချင်သေးတယ်၊ သူက ခြေလှမ်းတလှမ်းပြန်ဆုတ်လိုက်ပြီး လျန်ကျန်းကို ညွှန်ပြရင်း ထပ်မိတ်ဆက်ပေးတယ်..

"လန်ကျိုး!"

ဒီတခေါက်မှာတော့ ပတ်၀န်းကျင်တခုလုံးငြိမ်ကျနေတာကြောင့် 'လန်ကျိုး' ဆိုတဲ့ အသံက အရင်အခေါက်တွေထက် ပြတ်ပြတ်သားသား ကြည်ကြည်လင်လင်ကို ဟိန်းထွက်လာတယ်၊ ဒီလိုနဲ့ လူတိုင်းက လန်ကျန်းရဲ့ မွေးရပ်မြေကို ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်၊ တချိန်တည်းမှာပဲ hostကလွဲပြီး ပရိသတ်တွေက host နဲ့ တသံတည်းလိုက်အော်တဲ့ လူတယောက်ရဲ့အသံကိုပါ လူအုပ်ထဲက ကြားလိုက်ရတယ်..

"လန်ကျိုး!" ရှောက်မင်ယင်းက မီးရောင်အောက်ကလူကို လှမ်းကြည့်ပြီး အော်တယ် "လျန်ကျန်း!"

မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်Where stories live. Discover now