Chapter 38

948 117 3
                                    

လျန်ကျန်းက အမြဲလိုလို စိတ်အပြောင်းအလဲ မြန်တတ်တယ်၊ ဒီအခြေအနေမှာ ဟောင်ရိကောင်းချန်နယ်က အစီစဉ်တင်ဆက်သူရဲ့အသံက အံ့ဩစရာကောင်းလောက်အောင်ကို သူ့အပေါ် သက်ရောက်မှုရှိသွားတယ်၊ လျန်ကျန်းက အစပိုင်းမှာတော့ နည်းနည်း ၀မ်းနည်းနေပေမဲ့ ချန်နယ်ရဲ့ နောက်ခံတီးလုံးနဲ့ ပုံတွေမြင်တော့ သူ့ခံစားချက်က အဆိုးကြီးမဟုတ်တော့ဘူး..

"အတော် ဟုတ်လှချည်လား?" လျန်ကျန်းက မေးလိုက်တယ် "နှစ်ကူးအကြိုညမှာတောင် liveလွှင့်နေသေးတယ်?"

"မဟုတ်ဘူး ပြပြီးသား ပြန်ပြနေတာ" ရှောက်မင်ယင်းက ပြန်ဖြေတယ် "ငါ ကြည့်ဖူးတယ်"

လျန်ကျန်းက ခုမှ စိတ်အခြေနေ ပြန်ကောင်းရုံရှိသေး၊ ရှောက်မင်ယင်း ပြောတာလည်းကြားရော သူ ပြန်ပြီး စိတ်ညစ်သွားတယ်..

သူ့ကို ဖုန်းခေါ်ပြီး ဆက်သွယ်လာဖို့က အဘိုးရှိသေးတယ်၊ ရှောက်မင်ယင်းကြတော့ရော? ဒီလို ခုပြနေတာကို တိုက်တိုက်ဆိုင်ဆိုင် ကြည့်ဖူးတယ်ဆိုရအောင် ဟောင်ရိကောင်းချန်နယ်ကို ဘယ်လောက်တောင် အကြိမ်များများ တယောက်တည်း ကြည့်ခဲ့လဲမသိဘူး၊ ရုပ်သံလွှင့်နေတဲ့ ခုတယောက်ကိုတောင် သူမှတ်မိနေတယ်...

"စိတ်မကောင်း မဖြစ်ပါနဲ့" ရှောက်မင်ယင်းက လျန်ကျန်းရဲ့ စိုနေသေးတဲ့ဆံပင်ကို အသာလေးကိုင်လိုက်ရင်း ပြောတယ်၊ သူလည်း ခေါင်းရင်းမှာ မှီထိုင်လိုက်တယ်၊ သူနဲ့ လျန်ကျန်းက အရမ်းပူးပူးကပ်ကပ်ထိုင်နေကြတာ မဟုတ်ပေမဲ့ သူတို့ဘာသာသူတို့တော့ သဘာ၀ကျကျနဲ့ သက်တောင့်သက်သာရှိနေကြတယ် "ဒီအပိုင်းက စိတ်၀င်စားဖို့‌ကောင်းတယ်"

အဲ့တော့ လျန်ကျန်းလည်း ချန်နယ်ကို ဂရုတစိုက်နားထောင်ကြည့်လိုက်တယ်၊ သူတို့က တကီလိုငွေတုံးကို ရောင်းနေကြတာ၊ ပုံမှန်လိုပဲ တင်ဆက်သူနှစ်ယောက်က အတိုင်အဖောက်ညီညီနဲ့ ပြောဆိုနေကြတယ်၊ သူတို့ရောင်းနေတဲ့ ငွေကိုလည်း ပိုပိုသာသာလေး အမွှန်းတင်နေတယ်၊ ငွေရည်စစ်ကြောင်း ထောက်ခံစာတွေရော၊ ပြန်လည်ရောင်းချခွင့် အာမခံချက်ရှိကြောင်းတွေရော၊ အထူးသီးသန့် ထွင်းထုထားကြောင်းတွေရော စုံနေတာပဲ၊ အကျဉ်းချုံးပြောရရင်တော့ ဒါကိုဝယ်ရင် အမြတ်အစွန်းတွေ ရမယ်ပေါ့၊ သူတို့ ငွေဘယ်လောက်ကောင်းကြောင်း လေရှည်ရှည်နဲ့ တသီတတန်းကြီးဖွဲ့ဆိုပြီးချိန်မှာတော့ ဈေးနှုန်းကို မိတ်ဆက်ပေးရမဲ့အချိန် ရောက်ရှိလာတယ်၊ တင်ဆက်သူက ဒီငွေတုံးရဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီစီအီးအိုကို ဖိတ်လိုက်တယ်၊ စီအီးအိုကိုယ်တိုင် ဈေးနှုန်း ကြေညာမဲ့သဘောပါပဲ...

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now