လျန်ကျန်းက ပထမအချီကို အနိုင်ရသွားပြီး စင်နောက်ကိုပြန်သွားတယ်၊ သူက စုန့်ကျိုးဆီ စာလှမ်းပို့ပြီး မေးတယ် <ဘယ်လိုနေလဲ>
သေချာပေါက်ကို စုန့်ကျိုးကတော့ သူ့ညီအကို,ကို ချီးကျူးပေးရတာပေါ့ <ငါ ဘာပြောရမှန်းတောင် မသိတော့ဘူးကွာ၊ ငါ့ကောင်က ရေလည် ဂေါ်နေတာ.. စောက်ချောကြီး>
<ငါ မင်းကို မမေးဘူး၊ ရှောက်မင်ယင်းကို ဖုန်းပေးလိုက်>
စုန့်ကျိုး ...
မိနစ်၀က်လောက်ကြာတော့ စုန့်ကျိုးဆီက စာရောက်လာတယ် < နည်းနည်းရိုင်းသလိုပဲ >
လျန်ကျန်းက စာကို တချက်ဖတ်လိုက်ပြီး စုန့်ကျိုးက ရှောက်မင်ယင်းကို ဖုန်းပေးထားတာ သိလိုက်တယ်၊ ရှောက်မင်ယင်း ပြောချင်တာက သူခုဏက battle ပထမအချီမှာ တဖက်ကိုဖြုတ်တဲ့စကားတွေကိုပြောတာ.. လျန်ကျန်းလည်း ဒါက ပုံမှန်ပဲဆိုတာ ရှောက်မင်ယင်းကို ဘယ်လိုရှင်းပြရမယ်မသိဘူး။ သူခုဏက သိပ်မယဉ်ကျေးတဲ့ စာလုံးတွေသုံးပြီးနေပြီ၊ အနင့်ဆုံးဖြစ်တဲ့ စာသားကတော့ အရင်ဆုံးနှုတ်ဆက်လိုက်တဲ့စကားပဲ၊ စင်ပေါ်က ပြိုင်ပွဲ၀င်လေးတွေက တော်တော်ငယ်ကြသေးပြီး ကာရံတွေလည်းညီအောင်ဆိုရင်း ခပ်ရိုင်းရိုင်းပဲ သုံးနှုန်းကြတယ်။
လျန်ကျန်းလည်း ဒီလိုတွေ သိပ်မဆိုချင်ပေမဲ့ ဒီလို battle လာကြည့်တဲ့သူ အများစုက ပုဂ္ဂိုလ်ရေးတွေ အပြန်အလှန် တိုက်ခိုက်တာကြမျိုးကိုပါ ပိုသဘောခွေ့ကြတယ်လေ၊ သူတို့က ဒါကို ပိုစိတ်လှုပ်ရှားစရာကောင်းတယ်လို့ ထင်ကြပြီး လက်ခုပ်ဩဘာတွေပေးကြလိမ့်မယ်၊ လျန်ကျန်းတို့ ပထမအချီပြီးတဲ့နောက် ကျန်တဲ့အချီတွေကလည်း တပုံစံတည်း ဝုန်းကြတာပါပဲ။ ဒီ့ထက် ယဉ်ကျေးကြစရာလည်း မရှိဘူး..
သေချာတာကတော့ ရှောက်မင်ယင်းက ဒါကိုလက်မခံနိုင်ဘူး < ထားလိုက်ပါ၊ နောက်တချီနားထောင်ပြီးမှ သိတယ်၊ မင်းက သူတို့ထက် တော်တော်လေး ယဉ်ကျေးသေးတယ် >
လျန်ကျန်း < အဲ့တာဆို နောက်တချီမှာ ကျွန်တော် ပိုပြီး သတိထားရမလား >
ရှောက်မင်ယင်း < မင်းရဲ့ ပုံစံအတိုင်းပဲ ဆိုပါ >
လျန်ကျန်း < ဒါပေမဲ့ ခင်ဗျားမှ မကြိုက်တာ >
YOU ARE READING
မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်
Romanceလန်ကျိုးနယ်က ငယ်ရွယ်၊ ရုပ်ချော၊ ငွေလျှံကာ စိတ်ဆတ်လွယ်သော rapperလေးတဦး။ ၀မ်ကျိုးနယ်က နူးညံ့၊ ယဉ်ကျေးကာ အတိတ်ကို သယ်ပိုးထားသော ရဲအရာရှိလေးတဦး။ ဝံပုလွေငယ်လေးဟာ ကြီးပြင်းလာပြီး အရာရှိလေးဟာလည်း သူ့အတိတ်ကိုလက်ခံသွားနိုင်မယ်။ တိုတိုလေးပြောရရင် ရင်ကိုနွေးထ...