Chapter 20

295 48 1
                                    

ဒီဇင်ဘာလလယ်မှာ အပူချိန်သိပ်မကျသေးပေမဲ့ ဆောင်းလေ‌အေးကိုတော့ ၀မ်ကျိုးနယ်က ကြိုဆိုနေပြီ။ ကျန်းစုနဲ့ ကျီကျန်းပြည်နယ်တွေမှာတော့ အအေးဓာတ်ကပိုသိသာလာပြီး စိုထိုင်းထိုင်းဖြစ်နေတယ်။ လျန်ကျန်းက‌တော့ ဒီလိုအေးစိမ့်စိမ့်ရာသီဥတုကို စိတ်ထဲမမှုဘဲ အ၀‌တ်ပါးလေးတွေ၀တ်တုန်းပဲ၊ လန်ကျိုးရဲ့ အ‌နွေးဓာတ်ကိုလည်း သူသတိမရဘဲမနေနိုင်ဘူး။

ဒီနေ့ မနက်အစောပိုင်းမှာတင် လျန်ကျန်းက သူ့သီချင်းအသစ်ကို အွန်လိုင်းမှာ တင်ခဲ့တယ်၊ ထုတ်လုပ်မှုအပိုင်းမှာပါတဲ့ သူ့ သူငယ်ချင်းအချို့ကလွဲရင် သူသီချင်းအကြောင်း ဘယ်သူ့ကိုမှ မပြောရသေးဘူး။ ဘာလို့ဆို သူက တခြားrapperတွေနဲ့ သီချင်းတွဲဆိုဖူးပြီး NetEase Cloud Musicမှာ လွတ်လပ်တဲ့ အဆိုတော်တယောက်အနေနဲ့ပဲ စာရင်းသွင်းထားတာ၊ အဲ့နေ့မတိုင်ခင်ကတည်းက ဧည့်သည်အဆိုတော်အနေနဲ့ သံပြိုင်ဟစ်ရတဲ့အပိုင်းတွေမှာ သူ့နာမည်က အမြဲပါခဲ့တယ်။

မနက် ၄ခွဲထိ ကြိုးစားခဲ့ပြီးနောက်မှာတော့ သူ့သီချင်းကို အောင်မြင်စွာပဲ လိုင်းပေါ်တင်လိုက်နိုင်တယ်၊ NetEase Cloud ရဲ့ search bar မှာ 'Liang Zhen'(လျန်ကျန်း)လို့ရေးပြီး ရှာလိုက်ရင် အဆိုတော်တွေရဲ့ homepage ကိုရောက်သွားပြီး သီချင်းတွေတန်းစီထားတဲ့ကော်လံထဲမှာ 'လျန်ကျိုးစီ'ဆိုတဲ့ သီချင်းအသစ်တပုဒ်ကို တွေ့ရမယ်။

အိမ်ပေါ်ကဆင်းလာပြီးနောက် အထူးသဖြင့်မြေအောက်လောကရောက်တဲ့အခါမှာတော့ အဆိုတော်နာမည် ရှိရမှာပေါ့၊ အဆိုတော်နာမည်ရှိရတာ ဘယ်လောက်မိုက်လဲ။ သူ့အဆိုတော်လောကနာမည်အတွက် လျန်ကျန်း တွေးဖူးတယ်၊ ဒါပေမဲ့ အဆင်ပြေလောက်တဲ့နာမည် ခုထိမစဉ်းစားနိုင်သေးဘူး။ အဲ့တာနဲ့ သူက သူ့နာမည်အရင်းကိုပဲ pinyinနဲ့ ရေးတင်လိုက်တယ်၊ သီချင်းလည်းတင်ပြီးရော သူအိပ်မောကျသွားတယ်၊ သူတကယ်ပင်ပန်းနေပြီ၊ နေ့လယ်ခင်းထိ အိပ်မက်တောင်တချက်မမက်ဘဲ သူအိပ်ပျော်သွားတယ်၊ ဒါနဲ့ သူ့ဖုန်းကို အားသွင်းဖို့လည်း မေ့သွားတယ်၊ ဖုန်းကို restart ပြန်ဖွင့်ပြီးနောက်မှာ သူအိပ်ချင်မူးတူးဖြစ်နေတုန်းပဲ၊ အဲ့အချိန်မှာပဲ WeChat, messages, NetEase Cloud က notiတွေ သူ့ဖုန်းစခရင်ပေါ်မှာ တတောင်တောင်နဲ့ကျလာတော့ သူ့မျက်လုံးတွေကျယ်သွားတယ်။

မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်Where stories live. Discover now