Chapter 9

1.2K 185 10
                                    

လျန်ကျန်းက သူဒီလို ဆက်ကွေးသွားလို့မဖြစ်ဘူးလို့ တွေးလိုက်မိတယ်၊ လက်ရှိမှာ ရှောက်မင်ယင်းပေါ် သူ့ခံစားချက်တွေက အမျိုးအမည်သတ်မှတ်လို့မရဘူး၊ ဒီခံစားချက်တွေကို ရပ်ပစ်ဖို့နောက်မကျသေးဘူး၊ သူပြန်ဖြောင့်ဖို့လည်း အချိန်မှီသေးတယ်...

သူ့ကျောင်းက မုရှန်းလမ်းနဲ့ မဝေးဘူး၊ အဲ့လမ်းကသွားရင် ကားနဲ့ဆို မိနှစ်နှစ်ဆယ်လောက်ပဲ မောင်းရတယ်။ ဒါပေါ့... သူအဲ့လမ်းကို နောက်ထပ်ခြေမချတော့ဖို့ ဆုံးဖြတ်ထားတယ်လေ၊ အလိမ္မာလေးနဲ့ ရှောင်ရတာ safe ဖြစ်တယ်မလား? သူ အရာရှိရှောက်ကိုသာ ထပ်တွေ့ရင်တော့ အဲ့မေ့မရတဲ့ညကို ပြန်တွေးမိပြီး ရှက်လွန်းလို့သေလိမ့်မယ်..

အဲ့တာ ယောကျာ်းတယောက်လေ... သူကဘာကို ရှက်နေရမှာလဲ? ကောင်မလေးတယောက်နဲ့ ဖြစ်ခဲ့တာလည်းမဟုတ်... သူ့ရဲ့စိတ်တွေလွတ်နေခဲ့ပြီး အသုံးမကျတဲ့ပုံပေါ်နေခဲ့တော့ ရှောက်မင်ယင်းမျက်လုံးထဲမှာ "သနားစရာ ကစားစရာ လူပျိုပေါက်လေး"လို့ပဲ တွေးနေလောက်မှာပေါ့၊ လျန်ကျန်းက တွေးလေ စိတ်ညစ်ရလေဖြစ်ပြီး အတန်းထဲမှာလည်း စာကိုအာရုံမစိုက်နိုင်‌တော့ဘူး။ စုန့်ကျိုးက သနားစရာ သူ့သူငယ်ချင်းကိုကြည့်ပြီး အကြံတချို့ပေးလာတယ်၊ ၀မ်ကျိုးမှာ ရှိတဲ့ rapper အသစ်တယောက်ရဲ့ နေအိမ်မှာ အဆိုပွဲတခုရှိတယ်၊ အဲ့မှာ သွားဆိုချင်လားပေါ့...

လျန်ကျန်းက သီချင်းalbum ကိုတကယ်ထုတ်ချင်နေပြီ၊ သူအမြဲတမ်း ဒီလိုမျိုး ပွဲတွေမှာ လိုက်ဆိုနေလို့မရဘူး၊ သူတကယ် ထိထိရောက်ရောက်နဲ့ တခုခုကိုလုပ်ဖို့လိုနေတယ်၊ ဒီတော့သူက အဲ့အဆိုတော်နဲ့ ဆက်သွယ်ကြည့်လိုက်တယ်၊ ခုနောက်ပိုင်းမှာ ပရိုမိုးရှင်းတွေနဲ့ weibo ဆိုတာကလည်း ခွဲမရဘူးလေ၊ လျန်ကျန်းက အဲ့အဆိုတော်ရဲ့ weiboပေါ်မှာ ခဏခဏပေါ်လာတယ်၊ အဲ့တော့ လူတိုင်းက သူအဲ့ပွဲမှာ တက်ဆိုမယ်လို့ထင်နေကြတယ်..

အရာရာတိုင်း အဆင်ပြေနေကာမှ ပွဲမလုပ်ခင်ညမှာ စက်ပိုင်းဆိုင်ရာ ပြဿနာဖြစ်လို့ဆိုပြီး ရှိုးပွဲကိုဖျက်သိမ်းဖို့ ဆွေးနွေးခဲ့တယ်လို့ကြားတယ်၊ သူတို့က ဒီပွဲအပေါ် တအားကို ရင်းနှီးမြှုပ်နှံထားခဲ့တာကြောင့် ဖျက်သိမ်းမယ်ဆိုတာကြီးက တကယ်ရုတ်တရက်ကြီးလေ၊ အဲ့တာကြောင့် ပွဲကျင်းပတဲ့နေရာ ပြောင်းဖို့တွေးနေကြတယ်လို့ ဆိုပြန်တယ်၊ အရမ်းကြီးတော့ မျှော်လင့်မထားကြပါနဲ့ဆိုပြီး ပွဲရဲ့တာ၀န်ရှိသူက ပြောလာတယ်၊ တိတိကျကျပြောရမယ်ဆိုရင်တော့ လျန်ကျန်းသာ ဧည့်သည်အဆိုတော်အနေနဲ့ ပါနေဦးမယ်ဆိုရင်တော့ ပိုပြီးတောင် ပွဲဆက်လုပ်ဖို့ မျှော်လင့်ချက်ထားမနေတော့ဖို့ပဲ...

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now