Chapter 31

742 133 11
                                    

"ငါ့ရည်းစားလေးက လန်ကျိုးကလို့ ကျောက်ကျဲကို ပြောလိုက်တယ်၊ သူက ရှစ်ကျားကျွမ်းမှာ ဂီတသင်နေပြီး ၀မ်ကျိုးမှာ ငါ့ကိုလာတွေ့တာလို့" ရှောက်မင်ယင်းက ဆက်ပြောတယ် "ငါ့ရည်းစားလေးက ငါ့ကို လိုနေတယ်လို့"

လေထုက အေးခဲသွားပြီး အခုလေးတင် ကိုယ်ကတော့ တအားပူလာတယ်၊ ဒီစကားထွက်လာပြီးပြီးချင်း ကားထဲကအပူချိန်ကဟိုးအောက်ဆုံးထိ ထိုးကျသွားတယ်၊ လျန်ကျန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ ပါးစပ်ဟလိုက်ပေမဲ့ ဘာစကားမှတော့ ထွက်မလာဘူး၊ သူ ရှောက်မင်ယင်းကို စေ့စေ့မကြည့်ရဲတော့ဘူး၊ သူက ခေါင်းကိုငုံ့လိုက်ပြီး အောက်ကိုပဲကြည့်နေလိုက်တယ်၊ လျန်ကျန်းက တိတ်ဆိတ်သွားပြီး ရိုရိုကျိုးကျိုးလေး ဖြစ်သွားလိုက်ပုံများ အရင်အချိန်တွေနဲ့တခြားစီ...

မီးပွိုင့်ပြန်စိမ်းသွားတော့ ရှောက်မင်ယင်းက ကားဆက်မောင်းတယ်၊ အချိန်အတော်ကြာ တိတ်ဆိတ်နေမှုက အရမ်းပူ‌နေတဲ့ မူမမှန်တဲ့ အခြေအနေကို ပျောက်သွားစေတယ်..၊ သူ ပြောခဲ့တာနဲ့ပတ်သက်လို့ သူဘာမှ ဆက်မပြောတော့ဘဲ ငြိမ်နေလိုက်တယ်၊ နောင်တရတာမျိုးတော့မရှိပေမဲ့ သူတကယ် ကျောင်ကျဲကို ပြောခဲ့တယ်၊ ဒါပေမဲ့ လျန်ကျန်းကို ပြန်ပြောပြဖို့ကြတော့ သူအရမ်းရှက်နေခဲ့တယ်၊ သူကအခု ၂၅ကျော်လို့ ၂၆ထဲတောင် ၀င်နေပြီ၊ ဒီလို လျန်ကျန်းကို တီတီတာတာလေးတွေပြောဖို့ဆိုတာ တကယ်ကိုပဲ...

စကားလုံးတလုံးချင်းစီတိုင်းကို သေချာကြားခဲ့ရတဲ့ လျန်ကျန်းက ပိုလို့တောင်ရှက်နေသေးတယ်၊ သူ့နားဖျားထိပ်လေးတွေကနေ နားရင်းအထိ နီရဲနေတာ ပုစွန်ချက်ထားတာကြနေတာပဲ၊ ၀မ်ကျိုးမှာ ပင်လယ်စာတွေ အများကြီးရှိတယ်၊ လန်ကျန်းက အမဲသားနဲ့ ကျန်တဲ့အသားတွေပဲစားပြီး လန်ကျိုးမှာ ကြီးပြင်းလာတာ၊ သူ ဒီကိုစရောက်တုန်းက ဒီကအစားသောက်တွေနဲ့ ခံ‌တွင်းမတွေ့ခဲ့ဘူး၊ ဒါပေမဲ့ ပုစွန်နဲ့ ကဏန်းတွေကတော့ သူ့ဖို့ တကယ်အရသာရှိတယ်ပြောရမယ်၊ သူ့နားရွက်လေးတွေက ချက်ထားတဲ့ပုစွန်တောင်မဟုတ်ဘူး.. ပေါင်းထားတဲ့ ကဏန်းတွေလိုပဲ...

"ဂွီ----"

လျန်ကျန်းက သူ့ဗိုက်ကို ကိုင်လိုက်ပြီး သူဗိုက်ဆာနေတာ သတိထားမိသွားတယ်..

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now