Chapter 10

425 75 3
                                    

လျန်ကျန်း အခုတော့ အိမ်ခြေရာမဲ့ ငမွဲလေးဖြစ်သွားပြီ၊ ဒါပေမဲ့သူ့မှာ သူ့လို ချမ်းသာကြတဲ့ သူငယ်ချင်းသခင်လေးတွေ အများကြီးရှိပါသေးတယ်၊ သူ့သူငယ်ချင်းတွေက သူနဲ့အတူတူခရီးဆက်၊ တူတူပျံသန်းကြဖို့ ခေါ်ကြပါလိမ့်မယ်။

ဒါပေမဲ့ ၀မ်ကျိုးမြို့ဘက်မှာတော့ သူ့အပေါင်းသင်းက ရှားပါးတယ်၊ သူကချမ်းသာတာကြောင့် အပေါင်းသင်းဖွဲ့တဲ့အခါ ဆင်းရဲတာ၊ ချမ်းသာတာတွေ ကြည့်‌မနေဘူး၊ သူပေါင်းတဲ့သူရဲ့ စရိုက်နဲ့ သူတို့ရဲ့စိတ်၀င်စားမှုတွေ တူတာလောက်ပဲကြည့်တာ...

ဒါပေမဲ့ ဆေးသုံးစွဲမှုနဲ့ ရဲတွေ၀င်အစီးခံလိုက်ရတဲ့ ညပါတီအကြောင်းပြန်တွေးကြည့်တာနဲ့ သူစိတ်ပျက်လွန်းလို့ ခုထိတောင် မိတ်ဆွေထပ်ဖွဲ့ဖို့ကို စိတ်ထဲလက်မခံနိုင်သေးဘူး၊ ဒီတော့ ကျုံးယွဲ့‌ရပ်ကွက်ကနေ ထွက်လာပြီး စုန့်ကျိုးရှိတဲ့ လုချန်းရင်ပြင်ဘက်ထွက်လာခဲ့တယ်။

လုချန်းဆိုတဲ့ နာမည်က တအားသာမန်ဆန်ပေမဲ့ ၀မ်ကျိုးရဲ့ နေရပ်ဒေသတွေထဲမှာ ကျုံးယွဲ့ရပ်ကွက်လို နာမည်ကြီးနေရာတွေထဲက အိမ်ရာတခုလိုပဲ၊ ဒါက စုန့်ကျိုး‌ရဲ့ အမြဲနေတဲ့နေရာပဲ၊သူ့ညီအကို ဒုက္ခရောက်နေချိန်မှာ သူစိတ်အချရဆုံး သူ့အိမ်ပေါ် ခေါ်တင်ထားရမှာပေါ့။

လျန်ကျန်းကတော့ စုန့်ကျိုးကို ပထမဆုံးအနေနဲ့ အားကိုးလို့ရပြီလို့ အေးအေးဆေးဆေး တွေးလိုက်သေးတယ်၊ သူ ကျေးဇူးတင်ကြောင်းတောင် မပြောရသေးဘူး၊ ရက်နည်းနည်းကြာတော့ အဲ့သကောင့်သားမှာ မကောင်းတဲ့အကျင့်တခုရှိနေတာ သိလိုက်ရတယ်၊ သူတို့ တမိုးအောက် မနေရခင်တုန်းက သူမသိဘူး၊ သိလည်း အဲ့တုန်းကတော့ ဂရုစိုက်စရာမလိုဘူး၊ ခုသူက စုန့်ကျိုးနဲ့ တအိမ်တည်းနေရမှ ဒီ၀မ်ကျိုးနယ်သား သူဌေးကောင်က အတော်ဆိုးပြီး ပွေမှန်းသိလိုက်ရတယ်။

အတိုပြောရရင် ဒီကောင် ကောင်မလေးတွေကို အိမ်ခေါ်ခေါ်လာတယ်။

ဒါက သူ့အနေနဲ့ လက်မခံနိုင်စရာတော့မရှိဘူး၊ စုန့်ကျိုးအိမ်ကကြီးပြီး အိပ်ခန်း၅ခန်း၊ ဧည့်ခန်း၂ခန်းပါတယ်။ စုန့်ကျိုးအိမ်ခန်းကလွဲ သူကြိုက်တဲ့နေရာသွား၊ သူကြိုက်တာလျှောက်လုပ်နေလို့ရတယ်၊ ကြိုက်တဲ့အခန်းသုံးလို့လည်းရတယ်၊ ဒါပေမဲ့ တပတ်မှာ ၃၊၄ရက်လောက်ကို စုန့်ကျိုးက မတူတဲ့ကောင်မလေးတွေ တယောက်ပြီးတယောက်ခေါ်လာတယ်၊ သူတို့ကို ဘယ်ကခေါ်လာတယ်၊ ဘယ်ကသူတွေဆိုတာကို သူမသိဘူး၊ ဒါ‌ပေမဲ့ သူတို့ပုံစံတွေက တပုံစံတည်းပဲ။

မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်Where stories live. Discover now