Chapter 19

252 38 0
                                    

လျန်ကျန်းရဲ့ beatနှစ်ချက်ကို နားထောင်ပြီးနောက်မှာတော့ ရှောက်မင်ယင်းရဲ့ ထမင်းတွေလည်း အေးစက်ကုန်ပြီ၊ သူက ပြေပြေလေးမျက်မှောင်ကြုတ်လိုက်တယ်၊ ဒါပေမဲ့ သူ့မျက်နှာပေါ် အပြုံးကတော့ ရှိနေတုန်းပဲ၊ သူက ခေါင်းခါလိုက်ပြီး လျန်ကျန်းကို သံသယမကင်းတဲ့အကြည့်နဲ့ မေးလာတယ် "အဲ့နေ့ကတည်းက လုပ်နေခဲ့တာလား"

လျန်ကျန်းက ယုံကြည်ချက်ရှိရှိပဲ ခေါင်းညိတ်ပြလိုက်တယ်...

"ငါ စိတ်ကူးကြည့်တာနဲ့တော့ တော်တော်ကွာနေတယ်" ရှောက်မင်ယင်းက ခဏရပ်လိုက်ပြီး "လုံး၀ကို မတူတာ၊ ငါထင်တာက... "

"ကျွန်တော် ဘာတွေ ထပ်ထည့်သင့်လဲ" လျန်ကျန်းက ခေါင်းကုတ်လိုက်တယ်၊ "ကျွန်တော် ပြန်နားထောင်ကြည့်တော့... ကျွန်တော်လည်းခံစားမိပါတယ်၊ တော်တော်ကြီးကို ကွာနေတာ၊ နည်းပညာပိုင်းရော၊ ဂီတပိုင်းရော လိုသွားတော့မဟုတ်ဘူး၊ ကျွန်တော်ထင်တာကလေ... သံစဉ်က အရမ်းစိတ်လှုပ်ရှားစရာကောင်းပြီး လုံး၀ပေါက်ကွဲထွက်သွားတဲ့ပုံမျိုး ဖြစ်လာမယ်ထင်ထားတာ၊ ဒါပေမဲ့ ရလဒ်ထွက်လာတော့... ပထမပိုင်း ဆယ်မိနစ်စာလောက်က ထားပါတော့.. အဲ့နောက်ပိုင်းလည်းရောက်ရော... သံစဉ်က... "

"အရမ်း သိမ်မွေ့သွားတယ်"

သူတို့နှစ်ယောက် ပြိုင်တူဖြေလိုက်မိတယ်၊ တကယ်လည်း အဲ့နေ့က သူတို့နှစ်ယောက်ရဲ့ ဂစ်တာနဲ့ အကော်ဒီယံ beatနှစ်ခုက တော်တော်ကို တသားတည်းကျသွားပြီး သံစဉ်က နူးညံ့တဲ့ဘက် ရောက်သွားတယ်။

လျန်ကျန်းက နည်းနည်းရှက်နေတဲ့ပုံနဲ့ "ခင်ဗျားက သိမ်မွေ့လွန်းတယ်၊ ကျွန်တော်ကိုယ်တိုင်သာဆို ဒီလိုသံစဉ်မျိုး တီးနိုင်မှာမဟုတ်ဘူး၊ ခင်ဗျား တီးသွားတာ တော်တော်ကို သိမ်သိမ်မွေ့မွေ့လေး တီးသွားတာ၊ ကျွန်တော်က စည်းချက်အတိုင်း လိုက်တီးခဲ့ရုံပါပဲ"

"အဲ့ထဲက တချို့သီချင်းတွေက ငါ့အမေက ငါ့အတွက်တီးခဲ့တာ၊ အကြမ်းဖျင်းလောက်တော့ ငါမှတ်မိသေးတယ်..." ရှောက်မင်ယင်းက ခပ်ဖြည်းဖြည်းလေး ခေါင်းတချက်ညိတ်လိုက်ပြီး မျက်လွှာချလိုက်တယ်၊ သူကအောက်နှုတ်ခမ်းကို သပ်လိုက်ရင်း "အဲ့အကြောင်း ဆက်မပြောရအောင်"

မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်Where stories live. Discover now