Chapter 16

420 61 1
                                    

လျန်ကျန်းက ရှောက်မင်ယင်း လက်ဖဝါးမှာ ဒဏ်ရာရထားတာကို သတိထားမိလိုက်တယ်။

သူက ရှောက်မင်ယင်းရဲ့ လက်ဖဝါးကို ဖြန့်ကြည့်ဖို့ကြိုးစားလိုက်တယ်၊ သူက ဒီတိုင်းကြည့်မလို့ပါပဲ၊ ရှောက်မင်ယင်းက သူ့လက်သူ အမြန်ရုတ်လိုက်တယ်၊ ပြီးတော့ တံတောင်ဆစ်နဲ့ အားပြုထောက်ပြီး ကုတင်ပေါ်ကထလိုက်တယ်၊ လျန်ကျန်းက သူ့ရှေ့ကနေဖြတ်သွားပြီး ၀ရံတာဆီ အ၀တ်တွေသွားရုတ်နေတဲ့ ရှောက်မင်ယင်းကို ကြည့်နေတယ်။

အ၀တ်တွေရုတ်ပြီးတော့လည်း ရှောက်မင်ယင်းက ချက်ချင်းပြန်၀င်မလာသေးဘူး၊ ၀ရံတာတံခါးကို ကျောခိုင်းပြီး မတ်တပ်ရပ်နေတယ်၊ သူက အဆင်မပြေသလိုပုံနဲ့ သူ့ဆံပင်တွေကို သပ်လိုက်တယ်၊ သူ့လက်တွေကို ပြန်ချလိုက်တဲ့အခါမှာတော့ သူ့လက်ဖဝါးသူ ပြန်ငုံ့ကြည့်လိုက်တယ်၊ အချိန်အများစုမှာ လျန်ကျန်းနဲ့သူ မျက်နှာချင်းဆိုင် စားသောက်နေတာကိုတောင် လျန်ကျန်းကသတိမထားမိခဲ့ဘူး၊ ဒဏ်ရာက အတွင်းဘက်ရောက်နေတော့လေ။

ပြီးတော့ ဘယ်နားကများ သတိထားမိစရာကောင်းနေခဲ့လို့လဲ? ဘယ်သူ့ ညာဘက်လက်ဖဝါးမှာ ခပ်နက်နက်ဒဏ်ရာအမာရွတ်တခုရှိနေနိုင်လို့လဲ? လျန်ကျန်းသာ ခုဏကကြည့်လိုက်ရမယ်ဆိုရင် အဲ့မှာ အမာရွတ်ဒဏ်ရာဒဏ်ချက်တွေ တခုထက်မကရှိနေတာ တွေ့လိမ့်မယ်၊ ဒါပေမဲ့ လက်မရဲ့အောက်ခြေရင်းနားက တခုကတော့ အနက်ဆုံးနဲ့အရှည်ဆုံးပဲ၊ ဘယ်လောက်နက်လဲဆို လက်မအရိုးထိမသွားဘူးဆိုရင်တောင် အသည်းထိအောင်နာမှာကျိန်းသေတယ်။

ခုတော့ ရှောက်မင်ယင်းလည်း နောင်တရနေပြီ၊ အဲ့‌နေရာကိုထိဖို့ လျန်ကျန်းကို ဘယ်လိုများခွင့်ပြုပေးလိုက်မိတာလဲ? ပြီးတော့ သူကပဲ အရင်စလိုက်မိ‌သေးတာ၊ ဒီလက်အကြောင်းကို လျန်ကျန်းနောက်မှမေးမယ်ဆိုရင်တောင် သူဆင်ခြေပေးဖို့ မစဉ်းစားနိုင်သေးဘူး။

သူက အိတ်ကပ်ထဲလက်ထည့်ပြီး ခဏလောက် မွှေနှောက်ရှာလိုက်တယ်၊ နောက်တော့ သူဆေးလိပ်ဖြတ်ထားတာကြာပြီကို သတိရသွားတယ်၊ သူများတွေက ဆေးလိပ်သောက်ဦးမလား မေးလာရင်တော့ သူကဆေးလိပ်မသောက်ဘူးပဲဖြေမိမှာပေါ့၊ ခုက ဆေးလိပ်သောက်ချင်စိတ် တွေက ချုပ်တည်းနေရင်းကို တဖွားဖွားပေါက်လာတယ်၊ ဒီလိုနဲ့ သူဆေးလိပ်တွေ အများကြီးသောက်ခဲ့တဲ့ အချိန်ကိုသတိရသွားတယ်၊ နေ့တိုင်းလိုလို သူ့တခန်းလုံး ဆေးလိပ်ငွေ့တွေပြည့်နေပြီး ဒီလောက်မွှန်ထူနေတဲ့အခန်းထဲမှာတောင် သူအသက်ရှုကြပ်တယ်မခံစားခဲ့ရဘူး၊ သက်တောင့်သက်သာတောင်ရှိလိုက်သေးတယ်၊ ခံစားချက်ကတော့ လျန်ကျန်း ဂစ်တာတီးပြီး သီချင်းဆိုပြနေတာကို နားထောင်နေရတာနဲ့တူတယ်၊ လူတွေရဲ့ နှလုံးသားကို ချော့မြှူတတ်တဲ့ တေးဂီတကလည်း နီကိုတင်းလိုပါပဲ။

မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်Where stories live. Discover now