Chapter 40

234 31 0
                                    

"ငါ့ကို တယောက်တည်း လွှတ်ထားပေးပါကွာ" စုန့်ကျိုးက စင်ပေါ်ကို အကြည့်တချက်မလွှဲဘဲ "ငါ အရင်ဆုံး သီချင်းမှာ စီးမျောဖို့ လုပ်နေတယ်"

လျန်ကျန်း ???

လျန်ကျန်းက စင်ပေါ်လှမ်းကြည့်လိုက်တယ်၊ သူ့ဖို့ ပထမဆုံးနေ့ တခြားအချိန်ပိုင်းအဆိုရှင်တွေကို မသိသေးဘူး၊ ခုစင်ပေါ်ဆိုနေတဲ့ အဆိုတော်က ကောင်မလေးတယောက်၊ ဒါပေမဲ့ အရပ်က အရမ်းရှည်လွန်းနေတယ် - လျန်ကျန်း စင်ပေါ်က ဆင်းသွားတော့ သူ့ရဲ့ မိုက်ခရိုဖုန်း အမြင့်ကို ဘာမှ ပြန်မချိန်ဘဲ ဒီတိုင်းဆင်းလာခဲ့တာ၊ ဒီကောင်မလေးက မိုက်ရဲ့ ထောက်ခံ(stand)အမြင့်ကို မချိန်ဘဲ မိုက်ကို နည်းနည်းလေး အောက်နှိမ့်ရုံနှိမ့်ပြီး ဆိုနေတယ်၊ စုန့်ကျိုးထက် ပုမှာတောင် မဟုတ်ဘူးလို့ သူခန့်မှန်းကြည့်လိုက်မိတယ်..

ဒီအရပ်နဲ့ ဆိုကတည်းက ကောင်မလေးက တော်တော်ကို ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစားရှိတာ မလွဲပါဘူး၊ သူက သူ့ရှပ်အောက်စွန်းကို စကပ်တိုတိုလေးထဲ ထည့်၀တ်ထားတာမို့ သူ့သွယ်လျတဲ့ ရှုမောဖွယ်ရာ ခါးလိုင်းကိုလည်း အရှင်းသားမြင်နေရတယ်၊ သူ့ရဲ့ စကပ်တိုအောက်က အတိုင်းသားမြင်နေရတဲ့ ခြေတံသွယ်တွေကလည်း ဖြောင့်‌စင်းနေတာ ဘဲလေးကချေသည်အတိုင်းပဲ...

သူကစပြီး သီချင်းဆိုလာတယ်၊ ထင်မထားရတာက သူ့အသံက သာမန်ပါပဲ၊ ဒါပေမဲ့ သူဆိုတဲ့ သီချင်းတွေက ရှေးဆန်တယ်၊ ဒါက နားထောင်တဲ့ လူတွေကိုလည်း အဆင်မပြေတော့ မဖြစ်စေဘူး၊ စိတ်၀င်စားစရာ ဆန်းကြယ်တဲ့ပုံတောင် ‌ဆောင်နေသေးတယ်၊ လျန်ကျန်းကတော့ အဲ့ကောင်မလေးအသံက သူများတွေကို ဆွဲဆောင်နိုင်သလား၊ မဆွဲဆောင်နိုင်သလား မသိဘူး၊ ဒါပေမဲ့ စုန့်ကျိုးကြည့်ရတာကတော့ ဆွဲဆောင်ခံရလွန်းလို့ ဝိညာဉ်လွင့်ပါတော့မယ်ဆိုတဲ့ပုံ ပေါက်နေပြီ၊ ကောင်မလေး သီချင်း၃ပုဒ်ဆိုပြီး နားချိန်‌ရောက်မှ စုန့်ကျိုးလည်း လျန်ကျန်းကို မေးချိန်ရတယ်၊ ဒီကို ဘယ်လိုရောက်နေတာလဲတဲ့...

"မင်း ငါ့ကို မတွေ့ဘူးလား? ငါဒီမှာ သီချင်းဆိုနေတာကိုလေ?"

စုန့်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး ပြောတယ် "မင်းနဲ့ မတွေ့ရတာ ဘယ်လောက်မှ မရှိသေးပါဘူး၊ ဘ၀အတွေ့အကြုံဆိုတာကို ထပ်စမ်းချင်နေတယ်ပေါ့?!"

မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်Where stories live. Discover now