Chapter 39

246 38 0
                                    

၀မ်ကျိုးမှာ ၃နှစ် နေလာခဲ့တဲ့တလျှောက် ရှောက်မင်ယင်း အနေနဲ့ ပထမဆုံးအကြိမ် နှစ်သစ်ကို တယောက်တည်း မဖြတ်သန်းရတော့ဘူး၊ ၀မ်ကျိူးမှာ အလည်အပတ်သွားစရာ ဆွေမျိုးလည်း သူ့ဆီမှာ မရှိဘူး၊ ဒီလိုနဲ့ပဲ နွေဦးပွဲတော်ပိတ်ရက် တိုတိုလေးမှာ လန်ကျိုးသားနဲ့ နှစ်ယောက်ထဲ အချိန်ကုန်ခဲ့ရတယ်...

တိတိကျကျပြောရရင် ပူးပူးကပ်ကပ်နေခဲ့ကြတယ်ပေါ့...

ရှောက်မင်ယင်းရဲ့ ပိတ်ရက်က နှစ်ကူးပြီး ပထမဆုံး ခြောက်ရက်အထိပဲ၊ ဒီ ၆ရက်လုံး အိမ်ပြင်မထွက်ကြဘူး၊ သူတို့က တားမြစ်ထားတဲ့ အသီးကို စားသုံးနေကြပြီး ချိုမြိန်တဲ့ အရသာမှာ ပျော်၀င်နေကြတယ်၊ လူငယ်နှစ်ယောက်က သူတို့ ဆန္ဒရဲ့ ပူပြင်းမှုကို ဘယ်ထိန်းချုပ်ထားနိုင်မလဲ? စားတာနဲ့ အိပ်တာကလွဲရင် ပထမရက်ပိုင်းလောက်မှာ အတွဲတွေလုပ်တဲ့အရာတွေ လုပ်တယ်၊ လျန်ကျန်းက တက်ကြွတဲ့ကြက်ဖလေး အရွယ်ဆိုတော့ သုံးရက်မြောက်နေ့မှာ ရှောက်မင်ယင်း တော်တော် နာနာကျင်ကျင် ဖြစ်သွားရင်း စိတ်မထိန်းနိုင်ဘဲ 'ဒယ်ဒီ' အော်မိတယ်၊ လျန်ကျန်းပုံကလည်း အားအင်တွေ ဘယ်တော့မှ မကုန်ခန်းမလိုပဲ...

၄ရက်မြောက်‌နေ့ကစပြီး ရှောက်မင်ယင်းမှာ အပြင်ထွက်ဖို့နေနေသာသာ ခြေတောင်မသယ်နိုင်တော့ဘူး...

ဒီလိုနဲ့ လျန်ကျန်းက ရှောက်မင်ယင်းရဲ့ လုပ်နေကြတာ၀န်တွေကို ယူရတော့တယ်၊ ထမင်းချက်.. ပန်းကန်ဆေး.. သန့်ရှင်းရေး.. အကုန်လုံးကို ဖင်ပေါ့ပေါ့နဲ့ တက်တက်ကြွကြွပဲ လုပ်ကိုင်တယ်၊ သူ့စိတ်က တခြားမှာလေ၊ သူက လက်နှီးစုတ်ကို ပစ်လိုက်ပြီး လက်ကို အမြန်ဆေးလိုက်တယ်၊ ခုတင်ပေါ်မှာ သူ့ကိုစောင့်နေတဲ့ ပိုအရသာရှိတာလေး ရှိတယ်လေ...

ဒါပေမဲ့ ရှောက်မင်ယင်းကတော့ အခြေအနေ မကောင်းသေးဘူး၊ သူ့ တကိုယ်လုံးလည်း ကိုက်ခဲနေတယ်၊ လျန်ကျန်းရဲ့လက်က ရှောက်မင်ယင်းရဲ့အောက်ကို တဖြည်းဖြည်းရောက်လာတဲ့အခါ ရှောက်မင်ယင်းရဲ့ အားနည်းတဲ့ ခုခံမှုတွေက သူ့ကို ဖွဖွလေး ကုတ်ခြစ်နေသလိုပဲ၊ တကယ် တားနေတာထက်စာရင် ဖိတ်ခေါ်နေတဲ့ပုံ ပိုပေါ်တယ်..

မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်Where stories live. Discover now