Chapter 37

836 106 7
                                    

"လေးတိလေးကန် လုပ်မနေနဲ့"

ရှောက်မင်ယင်းက ဒီလိုပြောလာတော့ လျန်ကျန်း‌လည်း ခြေလှမ်းတွေမြန်လိုက်ပြီး အိမ်အမြန်ပြန်ရောက်ဖို့ပဲ တာဆူလိုက်တော့တယ်၊ သူတို့ အိမ်ပြန်ရောက်တော့ သိပ်မလောသေးဘူး၊ ၀ယ်ခြမ်းထားတဲ့ ပစ္စည်းတွေကို သူ့နေရာနဲ့သူ နေရာချပြီးနောက်မှ အ၀င်၀ဖိနပ်စင် အံဆွဲထဲက တခုခုကို ရတနာလိုသဘောထားပြီး တယုတယလေး ယူလိုက်တယ်၊ ပလတ်စတစ်အိတ်အသေးလေးထဲမှာ Durex တံဆိပ် ကွန်ဒုံး ရှိရုံသာမကဘူး၊ KY တံဆိပ် ချောဆီဘူးပါ ရှိသေးတယ်..

လျန်ကျန်းက မရဲတင်းတာတော့ မဟုတ်ပေမဲ့ သူအရမ်းစိတ်လှုပ်ရှားနေတယ်၊ အဲ့တော့ သူတောက်လျှောက်ကို သိပ်စကားမပြောနိုင်တော့ဘူး၊ ခုတင်ဘေးက ခုံပေါ်မှာ အားလုံးပြင်ဆင်ပြီး နေရာချပြီးချိန်မှာတော့ သူဘာမှမလုပ်ခဲ့သလို ဟန်ဆောင်နေလိုက်တယ်၊ သူ အရမ်းအရမ်း ပျော်ရွှင်နေပေမဲ့လည်း ဆန္ဒကို သိက္ခာနဲ့ ထိန်းရမယ်လေ၊ မသိရင် အတွေ့အကြုံများတဲ့သူတယောက်လို ဟန်ကိုယ့်ဖို့ပြီး ဟန်ဆောင်နေလိုက်တယ်..

လျန်ကျန်း ခုဏက သကြားလုံးကိစ္စနဲ့ ခဏစိတ်ကောက်သွားတာကို အမှန်ကဘာလို့မှန်း ရှောက်မင်ယင်းကလည်း မသိဘဲနေပါ့မလား? ဒါက ယောကျာ်းလေးတယောက်ရဲ့ ဆန္ဒပါပဲ၊ သူ ဒါကို ထောက်မပြပါဘူး၊ အိမ်ပြန်ရောက်တော့ သူ ဟင်း စ,ချက်လိုက်တယ်၊ ခုက နှစ်သစ်ကူးအကြိုညဆိုတော့ နှစ်ကူးညစာကို မေ့ထားလို့မရဘူး..

လျန်ကျန်းကလည်း ခုထိ ဘယ်လိုချက်ပြုတ်ရမယ် မသိသေးတာမို့ ဘေးကပဲ ရပ်ကြည့်နေတယ်၊ သူက ဟင်းပန်းကန်တွေ သယ်ပေး၊ ချပေး လောက်ပဲ ကူပေးနိုင်တယ်၊ သူတို့ ထမင်းစား စားပွဲလေး‌မှာ ပြင်ဆင် နေရာချ၊ ၀င်ထိုင်ပြီးချိန်မှာတော့ ဂါလာနွေဦးရိုးရာပွဲတော်အစီစဉ်ကို TVမှာ စနေပြီ၊ ရှောက်မင်ယင်းက စူပါမားကတ်က၀ယ်လာတဲ့ ဘီယာ ဒါဇင်လိုက်ကို လျန်ကျန်းကို သွားယူဖို့ ပြောလိုက်တယ်၊ ဒါက ရှောက်မင်ယင်းအနေနဲ့ ပထမဆုံး ပူပူစပ်စပ်တွေ ချက်ထားတာမို့ သောက်ဖို့အတွက် ကွက်တိပဲ...

ဘီယာမှာ အယ်လ်ကိုဟောပါ၀င်မှုနည်းတာကြောင့်ရော ရှောက်မင်ယင်းကိုယ်တိုင်ကလည်း သောက်နိုင်တာကြောင့်ရော သူတို့နှစ်ယောက်လုံး ခဏလေးအတွင်းမှာပဲ ဘီယာတွေ အကုန် ပြောင်သွားတယ်၊ တကယ်တော့ TVကလာနေတဲ့ အသံတွေကို သူနားထောင်မနေဘူး၊ဟာသအစီစဉ်တွေကိုလည်း ရယ်စရာကောင်းတယ် ထင်မနေဘူး၊ ဒါပေမဲ့ နာမည်ကြီးအဆိုတော်တချို့ စင်ပေါ်မှာ သီချင်းဆိုနေတာလည်း မြင်ရော TVကို လှမ်းကြည့်လိုက်ပြီး လျန်ကျန်းကို မသိလိုက်မသိဘာသာ လှမ်းမေးလိုက်တယ် "တနေ့မှာ အဲ့မှာရပ်နေနိုင်မယ်လို့ မင်း တွေးဖူးလား"

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now