ဂျန်နဝါရီလအစပိုင်းမှာ လျန်ကျန်းက ၀မ်ကျိုးမှာလုပ်မဲ့ 8 mile underground ပွဲမှာ ၀င်ပြိုင်ဖို့ စာရင်းပေးလိုက်တယ်။
Free-style ရွတ်ရတဲ့ rap battle တွေမှာ သူ၀င်ပြိုင်တာက ဒါ ပထမဆုံးတော့မဟုတ်ဘူး၊ ဒါပေမဲ့ 8 mile underground မှာ ၀င်ပြိုင်တာကတော့ ဒါပထမဆုံးပဲ၊ IronMic ကလွဲပြီး 8 mile underground က ပြည်တွင်းမှာ လူသိအများဆုံး rap battle ပဲ၊ ဒါက ပွဲအသေးစားလေး မဟုတ်ဘူးဆိုတာကို လျန်ကျန်းသိတယ်၊ သူ့မှာ ပြိုင်ပွဲနားနီးလေ ပိုစိတ်လှုပ်ရှားလာလေပဲ၊ သူ့ခေါင်းထဲမှာ freestyle ဆိုဖို့ကလွဲ ဘာမှမတွေးနိုင်ဘူး၊ ဒီရက်ပိုင်းမှာ ရှောက်မင်ယင်းကလည်း အခဲရိုက်ထားတဲ့ အသင့်စားစရာတွေ သိပ်မချက်ဖြစ်တော့...၊ သူ ညဆိုင်းမရှိဘူးဆိုတာနဲ့ သူက ကိုယ်တိုင် ချက်တော့တယ်။ လျန်ကျန်းက သူ့လက်ထဲက ထမင်းပန်းကန်ကို ကြည့်နေပြီး ရှောက်မင်ယင်းက freestyle နဲ့ အလွယ်ချက်ထားတာလေးတွေကို တွေ့တောင် သူက တအားစိတ်လှုပ်ရှားနေတယ် - ဒီမှာကြည့်ပါဦး.. ထမင်းပန်းကန်လုံးက လုံးလုံးဝိုင်းဝိုင်းလေး... အထဲက ထမင်းစိတွေကရော လုံး၀န်းအိစက်နေ..
ပြိုင်ပွဲရက်ကပ်လာတော့ သူကရှောက်မင်ယင်းကို နေ့တိုင်းလိုလို "လာကြည့်မှာလား" မေးတယ်၊ ဒါပေမဲ့ ရှောက်မင်ယင်းကလည်း ဒီရက်ပိုင်း တကယ်ကို အလုပ်များနေတယ်၊ နေ့တိုင်း ညဆိုင်းတွေပါဆင်းနေရတာကြောင့် လျန်ကျန်းနဲ့တောင် လူချင်းမတွေ့ဖြစ်ဘူး၊ အဲ့တာကြောင့် လျန်ကျန်းက စာပို့ပြီး လှမ်း,လှမ်းမေးတယ်။ သူက "လာမှာလား" မေးတိုင်း ရှောက်မင်ယင်းက "နောက်မှပြောရအောင်" ဆိုပြီးပဲ စာပြန်တတ်တယ်၊ ဒီလိုနဲ့ ပြိုင်ပွဲစဖို့ တရက်အလိုမှာ လျန်ကျန်းက ဒီတိုင်းထိုင်မနေတော့ဘူး၊ အတန်းလည်းဆင်းရော ရှောက်မင်ယင်းဆီ အပြေးသွားတယ်၊ သူက အိမ်ကိုမသွားဘဲ ရှောက်မင်ယင်းအလုပ်လုပ်တဲ့ မုရှန်းရဲစခန်းကို တန်းသွားလိုက်တော့တယ်။
ကံကောင်းလို့ သူ ရဲစခန်းထဲ ခြေချလိုက်တာနဲ့ သူ့ရှေ့ကအခန်းတခန်းရဲ့ ရှေ့နားလေးမှာ စားပွဲပေါ်က စာရွက်စာတမ်းတွေကို ခုံတလုံးနဲ့ ထိုင်ဖတ်နေတဲ့ ရှောက်မင်ယင်းကို တွေ့လိုက်ရတယ်၊ သူက စာရွက်တွေကိုပဲ ငုံ့ကြည့်နေပြီး ဘယ်သူ၀င်လာလဲကို တချက်တောင်မော့မကြည့်ဘူး၊ လျန်ကျန်းက လျစ်လျူရှုခံလိုက်ရသလို ခံစားလိုက်ရတယ်၊ သူကရှောက်မင်ယင်းဆီ လျှောက်လာရင်း ထိုင်ခုံဆွဲထုတ်လိုက်ပြီး မျက်နှာချင်းဆိုင် ထိုင်လိုက်တယ်။
YOU ARE READING
မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်
Romanceလန်ကျိုးနယ်က ငယ်ရွယ်၊ ရုပ်ချော၊ ငွေလျှံကာ စိတ်ဆတ်လွယ်သော rapperလေးတဦး။ ၀မ်ကျိုးနယ်က နူးညံ့၊ ယဉ်ကျေးကာ အတိတ်ကို သယ်ပိုးထားသော ရဲအရာရှိလေးတဦး။ ဝံပုလွေငယ်လေးဟာ ကြီးပြင်းလာပြီး အရာရှိလေးဟာလည်း သူ့အတိတ်ကိုလက်ခံသွားနိုင်မယ်။ တိုတိုလေးပြောရရင် ရင်ကိုနွေးထ...