Chapter 15

488 72 4
                                    

ဘယ်သူကထင်ထားမှာလဲ? တညအိပ်တာကနေ ညတိုင်းအိပ်တာဖြစ်သွားမယ်လို့...

ရှောက်မင်ယင်းက လုံး၀မထင်ထားခဲ့ဘူး၊ လျန်ကျန်းကို တညလေးပဲလာအိပ်မယ်ထင်ထားတာ၊ ခုတော့ပုံမှန်လိုကို သူအလုပ်ကနေအိမ်ပြန်ရောက်လို့ ညစာချက်တော့မယ်ဆိုတိုင်း တံခါးခေါက်သံကြားရပြီ၊ ရှောက်မင်ယင်းတိုက်ခန်းက အိုနေပြီဆိုပေမဲ့ တံခါးကနေ ချောင်းကြည့်ရတဲ့အပေါက်လေးကတော့ မြင်ရသေးတယ်၊ သူကြည့်လိုက်တာနဲ့ သေချာပါတယ်၊ အဲ့တာ လျန်ကျန်းပဲ...

အရင်ဆုံးလျန်ကျန်းက ဂစ်တာလေးလွယ်လာရင်း အိမ်ထဲ၀င်မယ်၊ ၀င်လာပြီးပြီးချင်း ဟောင်ရိကောင်းချန်နယ်ကို သွားပိတ်မယ်၊ ပြီးတော့ သူ့ဘာသာ လေ့လာခဲ့တဲ့ သီချင်းအသစ်တွေကို ဆိုပြ၊ တီးပြမယ်။ ရှောက်မင်ယင်းကတော့ မီးဖိုချောင်ထဲ ချက်ပြုတ်နေပြီး သူက အိပ်ခန်းထဲမှာ ဂစ်တာတီးနေမယ်၊ တခါတလေ ဒီတိုင်း သီချင်းတွေလှိမ့်အော်ဆိုပြီး တခါတလေတော့လည်း ဂစ်တာတွေပဲလှိမ့်တီးနေတတ်တယ်၊ နည်းစနစ်ပိုင်းအရတော့ သူဂစ်တာတီးရင် လုံး၀အမှားဆိုတာမရှိဘူး၊ အချိန်တိုလေးအတွင်းမှာ သူဘယ်လို ဂစ်တာကောင်းကောင်းတီးနိုင်တယ်၊ ရှောက်မင်ယင်းဆီ မလာခင် သူဘယ်လောက်တောင် လေ့ကျင့်ခဲ့ရတယ်ဆိုတာတွေတော့ ဘုရားပဲသိလိမ့်မယ်။

ရှောက်မင်ယင်းရဲ့ လက်ရာတွေကလည်း ရိုးရိုးလေးတွေပါပဲ၊ ရဲစခန်းကန်တင်းကနေ ယူယူလာတတ်တဲ့ ရေခဲရိုက်ထားတဲ့အစားသောက်တွေနဲ့ ထမင်းကြော်ကလွဲရင်ပေါ့၊ လျန်ကျန်းကတော့ ရှောက်မင်ယင်းချက်တိုင်း ပျော်ပျော်ကြီးကို စားသောက်နေတာပဲ၊ စားလို့ သောက်လို့ပြီးရင်လည်း ရှောက်မင်ယင်းအတွက် အားအင်အပြည့်နဲ့ သီချင်းတွေဆိုပြရဦးမယ်လေ...

သူက ၀မ်ချင်းbandအဖွဲ့ရဲ့ သီချင်းတွေဆိုပြတယ်၊ သူတို့သီချင်းတွေက rockသီချင်းတွေဆိုပေမဲ့ ခုသူက ဂစ်တာသံတခုတည်းနဲ့ တွဲဆိုရတာ‌ဆိုတော့ သူ့အသံက ခပ်မြူးမြူးကြမ်းကြမ်းတွေ မဆိုနိုင်ဘဲ တနေ့တခြားချိုတဲ့ဘက်‌ရောက်လာတယ်၊ ဒါကသီချင်းဘက်ကကြည့်ရင်တော့ rockသီချင်းရဲ့ ခံစားချက် အပြည့်အ၀မပေးနိုင်တော့ဘူးပေါ့၊ ဒါပေမဲ့ ခုလိုကြတော့လည်း လျန်ကျန်းရဲ့ ပင်ကိုယ်ဟန်နဲ့ဆိုတဲ့ သူ့အသံလေးကိုနားထောင်ရတယ်။

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now