Chapter 14

1.1K 173 17
                                    

လျန်ကျန်းက ဂစ်တာမတီးဘဲ တီးလုံးသံမပါ သီချင်းကိုအလွတ်ဆိုနေတယ်၊ သူက သီချင်းစာသားထဲက စကားလုံးတွဲနှစ်လုံးစီကြားမှာ အချိန်တော်တော်ခြားပြီး သူ့အဖြတ်အတောက်နဲ့သူ လေးတိလေးတွဲ့ဆိုနေတယ်။ သူကနောက်ဆုံးစာသားကို ဆွဲဆွဲငင်ငင်ဆိုလိုက်ပြီး အသံတဖြည်းဖြည်းတိမ်၀င်သွားတယ်၊ သူက ဒီစာသားကိုဆိုဖို့ ရည်ရွယ်ထားခဲ့သလိုမျိုးပဲ...

ဒီစာသားကိုဆိုမဲ့အချိန်မှာ သူက ဆွဲဆိုရလွန်းလို့ အသက်ရှုမ၀ဖြစ်သွားတာ၊ လျန်ကျန်းက တခုခုမှားနေတယ်လို့ ရုတ်တရက်သူတွေးမိတာကို နားလည်သွားတယ်၊ သူမေးမလို့ပဲ ပါးစပ်ဟလိုက်ရုံရှိသေး... ရှောက်မင်ယင်းက တဖက်လှည့်သွား‌တော့ သူ တခဏလောက် ဆွံ့အသွားတယ်..

ရှောက်မင်ယင်းကမေးတယ် "မင်း ထပ်မဆိုတော့ဘူးလား?"

"အာ... ဆိုမယ်! ဆိုမှာပေါ့" လျန်ကျန်းက ဂစ်တာကိုပြန်ကောက်ကိုင်လိုက်ပြီး တီးဖို့ကြိုးစားလိုက်ရင်း 'ကျစ်'ခနဲ ဖွဖွလေးစုတ်သတ်လိုက်တယ်၊ ပြီးတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောလာတယ်...

"ဒီသီချင်းက... သံပြိုင်ဆိုရတဲ့၊ ပေါက်တဲ့နေရာပဲ ကျွန်တော်ကရတာ... တခြားစာသားတွေ မမှတ်မိဘူး"

"အဲ့လိုလား?" ရှောက်မင်ယင်းက ခေါင်းညိတ်လိုက်ပြီး မီးဖိုပေါ်ကို ပြန်ကြည့်လိုက်တယ်၊ လျန်ကျန်းက သူပဲစိတ်ထင်တာလား မပြောတတ်ပေမဲ့ ရှောက်မင်ယင်း မျက်တောင်ခတ်လိုက်တုန်းက အဲ့လူရဲ့မျက်လုံးတွေက ခံစားချက်မဲ့နေသလိုပဲလို့ တွေးလိုက်မိတယ်၊ ဒါက သူတခါမှမမြင်ဖူးတဲ့ ခံစားချက်ကိုပြတဲ့ မျက်လုံးမျိုးပဲ၊ ပြီးတော့ လျန်ကျန်းကလည်း တနေ့မှာ ရှောက်မင်ယင်းရဲ့ ဒီလိုပုံမျိုးကို တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး..

သူ့မှတ်ဉာဏ်ထဲက ရှောက်မင်ယင်းကို ပြန်ရှာဖွေလိုက်တယ်၊ တံခါးဆောင့်ကန်ဖွင့်ပြီး သူ့ကိုလက်ထိပ်ခတ်သွားတဲ့ ရှောက်မင်ယင်း၊ သူအထိန်းသိမ်းခံထားရတုန်း သူ့ကိုအသင့်စားခေါက်ဆွဲဘူး‌ ကျွေးလာတဲ့ရှောက်မင်ယင်း၊ ဂစ်တာအိတ်ထဲ ငွေစက္ကူလာထည့်ပေးတဲ့‌ ရှောက်မင်ယင်း၊ သူ့ကိုတွန်းမထုတ်ဘဲ ပြန်ဖက်ပေးခဲ့တဲ့ရှောက်မင်ယင်း၊ သူ့ကိုအိမ်ခေါ်လာပေးပြီး ခရမ်းချဉ်သီး ကြက်ဥခေါက်ဆွဲလုပ်ကျွေးတဲ့ ရှောက်မင်ယင်း...၊ ရှောက်မင်ယင်း တိုင်းကတော့ ကြင်နာပြီး ဖော်ရွေကြတယ်၊ နောက်ပြီး ပြုံးပြတယ်... အမြဲပဲ၊ သူပြုံးလိုက်တဲ့အခါ အရမ်းကြည့်ကောင်းပြီး မြင်ရသူတိုင်းကို သက်တောင့်သက်တာရှိစေပြီး ယုံကြည်မှုကိုလည်း ပေးနိုင်တယ်..

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now