ဒီနေရာက ၀မ်ကျိုးလေ၊ ပရိသတ်တွေကလည်း ၀မ်ကျိုးကလူတွေ၊ စင်ပေါ်က ရိုထိုက်ကလည်း ၀မ်ကျိုးကလူ...
နောက်ဆုံးအချီ ဖိုင်နယ်ပွဲမစခင် လူအုပ်ထဲက တယောက်က "၀မ်ကျိုးက စောက်ရမ်းမိုက်တယ်!" လို့အော်လိုက်တယ်၊ ပရိသတ်တွေရဲ့ အားပေးမှုက သူတို့၀မ်ကျိုးအတွက်ပဲဆိုတော့ ၀မ်ကျိုးက rapper တွေအနေနဲ့ အရမ်းအားထုတ်စရာတောင်မလိုဘူး၊ ပရိသတ်က သူတို့ဘက်မှာရှိပြီးသား..သူတို့ကလည်း သိတယ်လေ၊ ဒီနေရာက ၀မ်ကျိုးချန်ပီယံရှစ်အတွက်ဆိုတော့ ၀မ်ကျိုးကလူပဲ အနိုင်ရသင့်တယ်။
သေချာတာက လျန်ကျန်းလည်း ဒါကို ရိပ်မိသွားတယ်၊ အစက သေချာသတိမထားမိပေမဲ့ ရိုထိုက်က ၀မ်ကျိုးကလူဆိုတာ စင်ပေါ်ရောက်မှ ပြန်သတိရတယ်၊ အဲ့တော့ လျန်ကျန်းလည်း ရိုထိုက်နဲ့ ထိပ်တိုက်တွေ့ဖို့ကို တတ်သမျှရှောင်ဖို့ ကြိုးစားလိုက်တယ်၊ ဒါက လူတယောက်နဲ့ လူအုပ်စုကြီးတစုရဲ့ ရန်ပွဲလိုပဲ၊ သူကတော့ တယောက်တည်းရှိနေပြီး တဖက်ခြမ်းမှာကတော့ ရိုထိုက်နဲ့ သူ့လူတွေချည်းပဲ၊ သူ့နောက်မှာ လူတွေအများကြီးရှိတဲ့ ရိုထိုက် ကတော့ တကယ့်ကို ဇာတ်လိုက်အရှိန်အဝါအပြည့်ပဲ...
ရိုထိုက်က တကယ်လည်း ဒီအရှိန်အဝါရှိဖို့ ထိုက်တန်တဲ့သူပါ၊ ဒါက အရေးတယူလုပ်ပြီး ရှင်းပြနေစရာတောင် မလိုဘူးလေ၊ ၀မ်ကျိုးကလူတိုင်း သူ့နာမည်ရင်းကိုတောင် ခန့်မှန်းနိုင်တယ်...
ရိုထိုက်တဖြစ်လဲ အရှေ့ပိုင်းကလူတွေ ဆိုတဲ့... ဒီစာလုံးက ၀မ်ကျိုးကလူတွေကို ရည်ညွှန်းတဲ့စာလုံးမလား?
လူအုပ်က သောင်းသောင်းဖျဖျနဲ့ မိုးခြိမ်းသံလိုကို အားပေးနေကြပေမဲ့ ရိုထိုက်ကတော့ သူ့ရဲ့အကြီးဆုံးဝှက်ဖဲကို ခုထိ ထုတ်မသုံးဘဲနေတယ်၊ သူတို့ ဝမ်း ၀မ်း ဖိုက်တာ ( 1 Vs 1 ) က သုံးကြိမ် ဖိုက်ရတယ်၊ သူတို့ နှစ်ယောက်လုံးက တယောက်ကို တကြိမ်စီ နိုင်ထားကြပြီး သူတို့ရဲ့ စကေးတွေကလည်း သူမသာကိုယ်မသာပဲ..
ဒီတော့ သူတို့နှစ်ယောက်ရဲ့ battle က ဘယ်နှချီဆိုပြီး အကန့်အသတ်မထားတော့ဘဲ ပြိုင်ပွဲ၀င်rapper နှစ်ယောက် တယောက်ကိုတယောက် အလျှော့မပေးကြသေးသရွေ့ ပွဲကိုဆက်သွားဖို့ စည်းမျဉ်းသတ်မှတ်လိုက်ကြတယ်၊ တယောက်က မိုက်ခရိုဖုန်းကို ပြန်ယူပြီး တဖက်ကိုဆက် မဖြိုနိုင်တော့မှပဲ ပွဲပြီးမယ်..၊ ပွဲကျင်းပတဲ့နေရာက ဒီ၀မ်ကျိုးပိုင်နက်ထဲမှာ မဟုတ်တောင် လျန်ကျန်းနဲ့ ရိုထိုက် နှစ်ယောက်လုံးကတော့ battle မှာ အမှားလုပ်မိမှာကို သူတို့ဘာသာသူတို့ စိုးရိမ်နေကြတုန်းပဲ..

YOU ARE READING
မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်
Romanceလန်ကျိုးနယ်က ငယ်ရွယ်၊ ရုပ်ချော၊ ငွေလျှံကာ စိတ်ဆတ်လွယ်သော rapperလေးတဦး။ ရှစ်ကျားကျွမ်းနယ်က နူးညံ့၊ ယဉ်ကျေးကာ အတိတ်ကို သယ်ပိုးထားသော ရဲအရာရှိလေးတဦး။ ဝံပုလွေငယ်လေးဟာ ကြီးပြင်းလာပြီး အရာရှိလေးဟာလည်း သူ့အတိတ်ကိုလက်ခံသွားနိုင်မယ်။ တိုတိုလေးပြောရရင် ရင်ကိ...