လျန်ကျန်းက အကော်ဒီယံယူလာရုံတင်မကဘူး၊ နုတ်စ်စာရွက်တွေပါယူလာတယ်၊ ဖက်ထုပ်တွေလည်း စားပြီးရော၊ သူက ရှောက်မင်ယင်းကို အိုးတွေခွက်တွေ ဆေးတာကူပေးတယ်၊ ပြီးတဲ့နောက် ဒရမ်ပေါ်ထိုင်ပြီး စာရွက်ကို ထိုင်ဖတ်နေတယ်၊ ခဏကြာတော့ သူက ဖုန်းထုတ်လိုက်ပြီး "အကော်ဒီယံတီးနည်းအခြေခံများ" ကို လိုင်းပေါ်ကလိုက်ရှာတယ်..
ရှောက်မင်ယင်းက မီးဖိုထဲမှာ ရေနွေးအိုးတည်နေတယ်၊ သူက သူ့ခွက်ထဲကို ကျန်းမာရေး ဖန်းတဟိုင်အစေ့(ဆေးဖြစ်ဝါးဖြစ် ရေနွေးကြမ်းထဲထည့်သောက်ရတဲ့ Malvaအစေ့*) ထည့်လိုက်တယ်၊ လျန်ကျန်း အပြင်မှာ အကော်ဒီယံလျှောက်တီးနေသံလည်း ကြားရော သူကခဏတွေးလိုက်ပြီး လျန်ကျန်းခွက်ထဲပါ တစေ့ထည့်ပေးလိုက်တယ်..
သီချင်းစာသားစာရွက်တင်ဖို့ သုံးကတည်းက ထမင်းစားခေါက်စားပွဲလေးလည်း အမြဲဖုန်တက်မနေတော့ဘူး၊ ရှောက်မင်ယင်းက လျန်ကျန်းရှေ့မှာ ခွက်ချပေးလိုက်တယ်၊ လျန်ကျန်းက ပျော်ပျော်ကြီးပဲ ဂစ်တာတီးတာရပ်လိုက်ပြီး သူ့ခွက်ကို လက်နှစ်ဖက်နဲ့ယူလိုက်ပြီး လှိမ့်လှိမ့်တက်လာတဲ့ ရေနွေးငွေ့လေးနဲ့ အရောင်တဖြည်းဖြည်းတက်လာတဲ့ရေနွေးကို ကြည့်နေတယ်..
သူက ရုတ်တရက်တခု စဉ်းစားလိုက်ပြီး ရှောက်မင်ယင်းကိုမေးတယ် "ခင်ဗျား ကွား၀မ်ကျစ်ရောသိလား"
တဖက်မှာ လာထိုင်တဲ့ ရှောက်မင်ယင်းက ခေါင်းခါပြတယ်..
လျန်ကျန်းက ရှောက်မင်ယင်းကို ကြည့်လာတယ်... အရသာကောင်းလေးကို မသိရှာတဲ့ သနားစရာလူတယောက်ပဲ...
"ခင်ဗျား နောက်တခါ လန်ကျိုးကိုသွားဖြစ်မယ်ဆိုရင်လေ၊ ခင်ဗျား ကွား၀မ်ကျစ် စမ်းသောက်သင့်တယ်၊ မြစ်ဝါမြစ်သွားပြီး ကွား၀မ်းကျစ်မသောက်ရင်လေ လန်ကျိုးသွားပြီး အမဲခေါက်ဆွဲ မစားသလိုပဲ"
ရှောက်မင်ယင်းက မေးတယ်...
"အဲ့တာ ရေနွေးကြမ်းပဲလား"လျန်ကျန်းက ခေါင်းညိတ်လိုက်ပြီး "အဲ့တာကို စန်းပေါင်းထိုင်လို့လည်းခေါ်တယ်၊ ကွား၀မ်ကျစ်ဆိုတာက ဟွေ့လူမျိုးတွေခေါ်ကြတာ"

YOU ARE READING
မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်
Romansaလန်ကျိုးနယ်က ငယ်ရွယ်၊ ရုပ်ချော၊ ငွေလျှံကာ စိတ်ဆတ်လွယ်သော rapperလေးတဦး။ ရှစ်ကျားကျွမ်းနယ်က နူးညံ့၊ ယဉ်ကျေးကာ အတိတ်ကို သယ်ပိုးထားသော ရဲအရာရှိလေးတဦး။ ဝံပုလွေငယ်လေးဟာ ကြီးပြင်းလာပြီး အရာရှိလေးဟာလည်း သူ့အတိတ်ကိုလက်ခံသွားနိုင်မယ်။ တိုတိုလေးပြောရရင် ရင်ကိ...