Chapter 18

328 50 1
                                    

လျန်ကျန်းက အဲ့သောကြာနေ့နောက်ပိုင်း ၄၊ ၅ရက်လောက် ရှောက်မင်ယင်းအိမ်သို့မသွားဖြစ်၊ သူ့မှာ ရှောက်မင်ယင်းရဲ့ ဖုန်းနံပါတ်ရှိတယ်။ ရှောက်မင်ယင်းက သူ့ကိုသတိရနေမယ်လို့လည်း သူ့ဘာသာတွေးနေလိုက်သေးတယ်၊ သူက နေ့တိုင်းလိုလို သူလာမယ်၊ မလာဘူးကို ရှောက်မင်ယင်းကို စာကြိုပို့လေ့ရှိတယ်။ သူမလာဖြစ်ရင်တော့ အလုပ်များနေလို့ပါတဲ့... ဒါကို ရှောက်မင်ယင်းကတော့ ပြောင်ပြီး စာပြန်ပို့မလို့ပဲ၊ ဒါပေမဲ့ လျန်ကျန်းရဲ့ လွန်ခဲ့တဲ့လတွေတည်းက ပို့တတ်တဲ့ ဒါဇင်ကျော်စာတွေကိုပြန်ကြည့်ပြီး သူကသူ့ဘာသာထိန်းလိုက်တယ်။ ရှောက်မင်ယင်းက တခါတလေ ဟာသတွေ၊ စတာနောက်တာတွေ ရေးပို့မယ်လုပ်ပေမဲ့ တကယ်တမ်းကြ ပြန်မပို့ဖြစ်...

လျန်ကျန်းက တပတ်လောက်ပျောက်နေပြီးနောက်မှာတော့ ရှောက်မင်ယင်းကို "အားးးးးးးးးးးး" "!!!!!!!!!!!!!" ဆိုပြီး ပို့လာတယ်။ ပြောချင်တာက လုပ်စရာတွေပြီးလို့ သူလာတော့မယ်ပေါ့... ဒီတော့ ရှောက်မင်ယင်းလည်း အလုပ်ကပြန်ရောက်ရော အသီးအရွက်ဈေးကိုသွားလိုက်တယ်... အမှန်တော့ သူက ဈေးသွားခဲပေမဲ့ အခုတော့ အိမ်အတွက် ချက်ပြုတ်စရာတွေ ၀ယ်လာတယ်။

သူ မီးဖိုချောင်ထဲ၀င် စပြီးချက်ပြုတ်တာနဲ့ လျန်ကျန်းရဲ့ အိမ်တံခါးခေါက်သံကို ကွက်တိကြားလိုက်ရတယ်။ တံခါးဖွင့်ပေးပြီး ရှောက်မင်ယင်းက လျန်ကျန်းကိုကြည့်မနေဘဲ မီးဖိုချောင်ကိုပဲ ပြန်လှည့်သွားတယ်။ သူကယောက်မကြီးတကားကားနှင့် တခုခုကြော်လှော်နေပုံရတယ်။ လျန်ကျန်းက မီးဖိုချောင် မှန်တံခါးကို ဘယ်လက်နဲ့ ဖွင့်လိုက်ပြီး ခေါင်းလေးပြူလို့ အနံ့ရှူလိုက်တယ်...

သူက ကြောင်တကောင်လို နှာတရှုံ့ရှုံ့လုပ်ပြီး အနံ့ရဲ့ဆွဲဆောင်ခံလိုက်ရပုံနဲ့ ကြီးကြီးကျယ်ကျယ်တွေပြောလာတယ်။
"ရနံ့လေးက ကောင်းပေစွ"

"မင်း မကြိုက်တာရော ရှိရဲ့လား? ခရမ်းချဉ်သီးကြက်ဥခေါက်ဆွဲနံလေးက ကောင်းလိုက်တာ.. ဖက်ထုပ်ကြော်လေးကလည်း အရသာရှိနေရော.. ကြက်ဥထမင်းကြော်ကလည်း ရှယ်ပဲ" ရှောက်မင်ယင်းက လျန်ကျန်း ဒီမှာစားဖူးသမျှ အကုန်ချီးကျူးထားတာကို ပြောလာတယ်၊ ဒါတွေအကုန်လုံးက ရေခဲရိုက်ထားတာတွေကို နွှေးစားရတာတွေနဲ့၊ ရိုးရိုးချက်လို့ရတာလေးတွေချည်းပါပဲ၊ ချက်ရတာ ဘယ်နှမိနစ်မှ မကြာဘူး၊ ရှောက်မင်ယင်းဖို့ကတော့ စားတယ်သောက်တယ်ဆိုတာ ဗိုက်ဖြည့်ရုံလောက်ပဲ၊ လျန်ကျန်းကပဲ ဒါတွေကို အရသာရှိတယ် ကောင်းတယ်ပြောတာ...

မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်Where stories live. Discover now