Chapter 3

630 109 26
                                    

လျန်ကျန်းနဲ့ ရှောက်မင်ယင်းတို့က လွန်ခဲ့တဲ့ ၂နှစ်က မူးယစ်ဆေးသုံးစွဲမှုနဲ့ တိုင်ကြားခံရတဲ့ ညပါတီပွဲတခုမှာ စတွေ့ခဲ့ကြတယ်။ ဖြစ်ပုံကတော့ လျန်ကျန်းက အဲ့ပါတီမှာ ရှိနေခဲ့ပြီး ဘုမသိဘမသိနဲ့ အဖမ်းခံလိုက်ရပြီး မုရှန်းရဲစခန်းကို ပါသွားခဲ့တယ်။

ဒီဖမ်းဆီးခံလိုက်ရတဲ့ အုပ်စုက rapper တွေဖြစ်ကြပြီး ဦးရေပြားထိပါ တက်တူးတွေ ထိုးထားကြတယ်။ လျန်ကျန်းတယောက်ပဲ ထိန်းသိမ်းရေးခန်းထဲရှိတဲ့ ဒီအုပ်စုထဲမှာ သန့်သန့်ပြန့်ပြန့်လေးနဲ့ မျက်စိကျိန်းစရာကောင်းလောက်အောင် ထင်းထွက်နေခဲ့တာ။

လျန်ကျန်းက သူ့ဘ၀မှာ ပထမဆုံးအကြိမ် ထိန်းထိမ်းခံရဖူးတာမို့ မကြောက်ပါဘူး လို့ပြောရင် လိမ်ရာကျလိမ့်မယ်။ ဒါပေမဲ့ သူက တကယ်ကို ဆေးသုံးစွဲဖူးတာမျိုး မရှိဖူးတာကြောင့် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိတယ်။ အဲ့အချိန်က သူက မြေအောက် rap လောကကို ရောက်ကာစဖြစ်တာမို့ လူတိုင်းက သူ့ကို ညီငယ်လေးလို ဂရုစိုက်ပေးခဲ့ကြတယ်။ သူ့သွေးသောက်အကိုတွေ ဆေးသုံးစွဲတယ်လို့ကြားရတော့ သူမယုံခဲ့ဘူး။

လွန်ခဲ့တဲ့လေးနာရီကို ပြန်ကြည့်ရရင် သူက Kရဲ့နေအိမ်ကနေ ညစာပါတီတပွဲကို တက်ရောက်ခဲ့တယ်။ Kဆိုသူက မြေအောက် rapလောကရဲ့ ပြိုင်ပွဲတွေရဲ့ အစီစဉ်မှူးတယောက်ပဲ။ K သူ့ကို ဖိတ်တုန်းက ဒီလောကရဲ့ တခြားနာမည်ကြီးပုဂ္ဂိုလ်အချို့ပါ ပါလာမယ်လို့ ပြောလိုက်တာကြောင့် သူက ဒီနယ်ပယ်မှာ အချိတ်အဆက်တွေရနိုင်မယ်ဆိုတာ နားလည်သွားပြီး ဖိတ်တာကို လက်ခံလိုက်တယ်။

ဘယ်သူက သိမှာလဲ၊ သူသောက်နေရင်း တန်းလန်းကြီး၊ လူတိုင်း အရှိန်ကောင်းနေကြတဲ့အချိန်မှာ ရဲတွေ ရောက်ချလာတယ်။

သူတို့က အမှန်အကန်ကို တံခါးကိုချိုးဖျက်ပိတ်ကန်ပြီး ၀င်ရောက်လာရင်း ထွက်ပေါက်မှန်သမျှကို ပိတ်ဆို့လိုက်ကြတယ်။ ခေါင်းဆောင်ဖြစ်ပုံရတဲ့ ရဲ၀န်ထမ်းတဦးက သူ့ရဲ့ IDကတ်ကို ဆွဲထုတ်ပြလိုက်ပြီး "အားလုံးပဲ မလှုပ်ကြနဲ့၊ ဒီနေရာကို စုံစမ်း‌စစ်ဆေးစရာရှိတဲ့အတွက် ရဲတွေ၀ိုင်းထားလိုက်ပြီ"

မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်Where stories live. Discover now