နယ်မြေကင်းလှည့်ရဲတယောက်အနေနဲ့ ရှောက်မင်ယင်းမှာ အလုပ်အရမ်းများတယ်၊ ဒါပေမဲ့ သူဘယ်လောက်အလုပ်များများ နွေဦးပွဲတော်မှာတော့ အားလပ်ရက်ရလိမ့်မယ်၊ လျန်ကျန်းက ရှောက်မင်ယင်းထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေသေးတယ်၊ သူက တက်တက်ကြွကြွနဲ့ တနေ့ပြီးတနေ့ ပြက္ခဒိန်တွေ လှန်နေရင်း နောက်ဆုံးတော့ စောင့်မျှော်နေခဲ့တဲ့ နှစ်သစ်အကြိုပိတ်ရက်လေး ရောက်ရှိလာခဲ့တယ်၊ ရှောက်မင်ယင်း အားလပ်ရက်ရပြီ...
လျန်ကျန်း တော်တော် အူမြူးလာတယ်၊ သူအခုလေးတင် ဖျော်ဖြေပွဲတခုက သူ့ဝေစုလေးကို ပူပူနွေးနွေးရထားတာ၊ သူက အိမ်ငှားခတွေ၊ တခြားအကုန်အကျတွေထိတော့ မတတ်နိုင်သေးပေမဲ့ နှစ်ကြိုပစ္စည်းတွေ ၀ယ်ဖို့တော့ တတ်နိုင်ပါသေးတယ်၊ ရှောက်မင်ယင်းက နေ့လယ်ပိုင်းမှာ ပြန်လာတယ်၊ သူအိမ်ထဲ၀င်၀င်ချင်း ဖိနပ်စင်ကအံဆွဲထဲ တခုခုပစ်ထည့်လိုက်ပြီး ဖိနပ်ချွတ်လိုက်တယ်၊ လျန်ကျန်းက သူ့ကိုဖိနပ်မချွတ်ဖို့ပြောပြီး အိမ်တံခါး၀ကနေတင် အမြန်တွန်းထုတ်တယ်၊ ဒါပေမဲ့ ရှောက်မင်ယင်းလည်း အိမ်ထဲက ပစ္စည်းအနေထားတွေ သိပ်ပြောင်းမသွားတာကို သတိထားမိတယ်၊ အဲ့တော့ သူ့ကို ဖိနပ်ပြန်စီးပေးနေတဲ့ လျန်ကျန်းကို ပြန်တွန်းပြီး အိမ်ထဲ ၀င်လာလိုက်တယ် "မင်း တကယ်ရော သန့်ရှင်းရေးလုပ်ထားတာလား?"
"ဒါပေါ့၊ ကျွန်တော် သန့်ရှင်းထားပြီးပြီ" လျန်ကျန်းက ယုံကြည်မှုရှိရှိနဲ့ ပြန်ပြောတယ်၊ သူက ဒီနှစ်ရက်လောက်အတွင်း အတော်ကို အားယားနေတော့ ရှောက်မင်ယင်းက နှစ်ကူးလည်းရောက်တော့မှာမို့ အခန်းသန့်ရှင်းရေးလုပ်ဖို့ သူ့ကိုပြောထားတယ်..
လျန်ကျန်းကတော့ အလွယ်တကူလက်ခံလိုက်တယ်၊ တံမြက်စည်းလှည်း.. ကြမ်းတိုက်တယ်၊ ရှောက်မင်ယင်းက အမြဲလိုလိုတယောက်တည်းနေတော့ ပစ္စည်းနည်းတယ်၊ အဲ့တော့ လျန်ကျန်းက စားပွဲပေါ်လည်း အ၀တ်သုတ် သန့်ရှင်းရေးလုပ်၊ ပစ်သင့်တာပစ်တယ်၊ အကုန်ပြီးစီးသွားတော့ သူက အခန်း၀နားသွားပြီး တခန်းလုံးကို ခြုံကြည့်လိုက်ရင်း သူ့ဘာသာအတော်လေး ကျေနပ်နေတယ်..
YOU ARE READING
မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်
Romanceလန်ကျိုးနယ်က ငယ်ရွယ်၊ ရုပ်ချော၊ ငွေလျှံကာ စိတ်ဆတ်လွယ်သော rapperလေးတဦး။ ၀မ်ကျိုးနယ်က နူးညံ့၊ ယဉ်ကျေးကာ အတိတ်ကို သယ်ပိုးထားသော ရဲအရာရှိလေးတဦး။ ဝံပုလွေငယ်လေးဟာ ကြီးပြင်းလာပြီး အရာရှိလေးဟာလည်း သူ့အတိတ်ကိုလက်ခံသွားနိုင်မယ်။ တိုတိုလေးပြောရရင် ရင်ကိုနွေးထ...