Chapter 35

904 134 3
                                    

နောက်ဆုံးမှာတော့ လျန်ကျန်းက အကြောင်းပြချက်ကြီးတခုကြောင့် ကျဲ့ကျန်း underground ပွဲမှာ ၀င်ပြိုင်ဖို့ ဟန်ကျိုးကို မသွားဖြစ်တော့ဘူး၊ ဘာလို့ဆို သတ်မှတ်ထားတဲ့ ပြိုင်ပွဲနေ့တွေက သူ့စာမေးပွဲရက်တွေနဲ့ တိုက်နေတယ်..

လျန်ကျန်းရဲ့ ပထမဆုံးတုံ့ပြန်မှုကတော့ စာမေးပွဲမဖြေဘဲ ဒီတနှစ် နားပစ်လိုက်ဖို့ပဲ၊ သုံးသိန်းလေ! ဒါပေမဲ့ သူ့ဆရာ၊ ဆရာမတွေနဲ့ ဆွေးနွေးကြည့်ဖြစ်တော့ တခုသိလိုက်ရတယ်၊ ဒီ၀မ်ကျိုးမှာ နိုင်ငံခြားသင်ရိုးသင်နေတဲ့ ဆရာတွေတော်တော်များများက ဒီစာသင်နှစ်အပြီးမှာ နိုင်ငံခြားကျောင်းတွေနဲ့ ချိတ်ထားတဲ့ နင်းပေါ်မြို့က တခြားဖက်စပ်ကျောင်းတွေကို ပြောင်းရွှေ့ဖို့ရှိတယ်တဲ့၊ အဲ့တော့ နောက်စာသင်နှစ်ရောက်မှ စာမေးပွဲပြန်ဖြေဖို့ဆိုရင် သူ့မှာအခွင့်အရေး မရှိတော့ဘူး၊ သူ့မှာ ရွေးစရာဆိုလို့ စာမေးပွဲပဲ ဖြေမလား၊ နှစ်ကျပဲလုပ်မလားပဲ...

ဒါပေမဲ့ လျန်ကျန်းက တကယ်ကို ယွမ်သုံးသိန်းကို လက်လျှော့နိုင်မယ်ထင်လား? စာမေးပွဲတွေကို ခေါက်ထားလိုက်၊ သေချာတာပေါ့၊ သူက အထုပ်ပိုးတွေပြင်ပြီး ဟန်ကျိုးကိုသွားဖို့တောင် အဆင်သင့်ဖြစ်နေပြီ၊ အဲ့လိုနဲ့ပဲ သူက ခုတင်ပေါ်လှဲ ဖုန်းလေးပွတ်ရင်း ရထားလက်မှတ်ဖြတ်ဖို့ လုပ်လိုက်တယ်၊ သူ့ကိုကြည့်ပြီး မနေနိုင်တော့တဲ့ ရှောက်မင်ယင်းက သူလက်မှတ် မဖြတ်ခင်လေး ဖုန်းစခရင်ကို လှမ်းပိတ်လိုက်တယ်..

ခေါင်းထဲ ယွမ်သုံးသိန်းပဲ ပြည့်နေတဲ့ လျန်ကျန်းက ဖုန်းစခရင်ပိတ်သွားတာလည်း မြင်ရော ပြန်ဖွင့်ပြီး ထပ်၀ယ်ဖို့လုပ်တယ်၊ ရှောက်မင်ယင်းက ပြန်ပိတ်တယ်၊ အဲ့ငွေသုံးသိန်းနဲ့ ဘာများလုပ်ချင်နေလို့လဲတဲ့...

လျန်ကျန်းက ဘာမှစဉ်းစားမနေဘဲ ပြန်ဖြေတယ် "အဖေ့ကို ပစ်ပေါက်ဖို့"

ရှောက်မင်ယင်း "........"

"အတည်ပြောမယ်၊ အတည်ပြောပြမယ်" လျန်ကျန်းက ပြုံးတာကို ရပ်လိုက်ပြီး "ယွမ်သုံးသိန်းက ကျူရှင်ခအတွက်ပါ၊ ကျွန်တော့မေဂျာက တနှစ်ကိုတင် ယွမ်တသိန်းကျော်ကုန်တယ်၊ ဒါကြောင့် ကျွန်တော် ဟန်ကျိုးသွားရမှာပေါ့"

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now