"အဲ့ကို ဘယ်သူမှလည်း ပြန်လာကြမှာ မဟုတ်ဘူး" ရှောက်မင်ယင်းက သူ့ညာဘက်လက်ဖ၀ါးကို ဘယ်ဘက်လက်ချောင်းထိပ်လေးတွေနဲ့ ပွတ်နေရင်း ပြောတယ်၊ လျန်ကျန်းရဲ့ အပျော်တွေလည်း ခုချိန်မှာ သူ့ဆီ လုံး၀မကူးစက်နိုင်တော့ဘူး "သူတို့ အကုန်လုံး ဆုံးသွားကြပြီလေ"
ရှောက်မင်ယင်းရဲ့ နောက်ဆုံးစကားကြောင့် လေထုကရုတ်တရက်ပဲ ငြိမ်ကျသွားတယ်၊ လျန်ကျန်းလည်းပဲ ကြက်သေသေသွားတယ်၊ အချိန်အတော်ကြာမှ သူကလေသံလေးနဲ့ပြောတယ် "ကျွန်တော် တောင်းပန်ပါတယ်"
"မင်းက ဘာတောင်းပန်စရာလိုလို့လဲ?" ရှောက်မင်ယင်းက ပေါ့ပေါ့ပါးပါးပဲ ပြုံးလိုက်ရင်း "အခုကြတော့လည်း ဘာတွေစဉ်းစားနေပြန်တာလဲ၊ မင်း တခြားကိစ္စတွေဆီမှာ ပိုစဥ်းစားတာ ပိုကောင်းလိမ့်မယ်"
ရှောက်မင်ယင်းက သူ့မျက်လုံးတွေကို ပွတ်လိုက်ရင်း လျန်ကျန်းကို မကြည့်ဘဲပြောတယ် "မင်းမိဘတွေနဲ့ ဆက်ဆံရေးမကောင်းဘူးလို့ပြောခဲ့တယ်မလား၊ ဒါပေမဲ့ ဘယ်လောက်ပဲ မကောင်းဘူးဆိုပါစေ၊ အနည်းဆုံးတော့ သူတို့ကရှိကြသေးတယ်လေ၊ သူတို့ရှိနေသရွေ့တော့ မင်းတို့မျက်နှာချင်းဆိုင် ရှင်သင့်တာရှင်း၊ သင့်မြတ်အောင်လုပ်သင့်တာလုပ်လို့ ရပါသေးတယ်"
"ဒါ့အပြင် သူတို့က မင်းအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆိုးဆိုးဝါးဝါးတွေ ဆက်ဆံနေတာလည်းမဟုတ်ဘူးလေ၊ ဘယ်၁၉နှစ်သားတိုင်းကမှ မင်းလိုဘ၀မျိုးမရှိဘူး၊ နိုင်ငံခြားကျောင်းလည်း တက်နိုင်တယ်၊ ငွေကိုလည်း ရေလိုပဲ စိတ်ကြိုက်သုံးနိုင်သေးတယ်၊ အပူအပင်ကင်ကင်းနဲ့လည်း အကုန်လုံးကို စိတ်ကြိုက်လုပ်လို့ရတယ်" ရှောက်မင်ယင်းအသံက မငြိမ်တော့ပြန်ဘူး.. "လျန်ကျန်း... မင်းမိသားစုက မင်းရဲ့ ၁၉နှစ်လုံးကို ကောင်းကောင်းကာကွယ်ပေးခဲ့တယ်၊ မင်းကတော့ ကလေးဆန်နေပြီး ကိုယ့်ဘာသာ ဘာဖြစ်နေလဲဆိုတာလည်း မသိဘူး"
မင်းကတော့ ကလေးဆန်နေပြီး ကိုယ့်ဘာသာ ဘာဖြစ်နေလဲဆိုတာလည်း မသိဘူး..
လျန်ကျန်းက သူ့မျက်လုံးတွေကို အပေါ်ကိုလှန်ကြည့်လိုက်ပြီး သူ့နှဖူးသူကြည့်လို့ရမလားဆိုပြီးတွေးကြည့်တယ်၊ သူ့နှဖူးပေါ်မှာ စာလုံးခြောက်လုံးထွင်းထားသလိုမျိုး.. "ကလေးဆန်ပြီး မသိနားမလည်" ရှောက်မင်ယင်း ပြောတာမှန်တယ်၊ သူ့ဘ၀က လိုတရလေး၊ သူက သွေးဆူလွယ်တတ်ပေမဲ့ ငွေကြေးပြည့်စုံကုံလုံမှုကြောင့် ဘ၀မှာ ခက်ခက်ခဲခဲနေရထိုင်ရတာမျိုးလည်း ဘယ်တုန်းကမှ မကြုံဖူးဘူး၊ အဲ့တော့ သူကလူတွေနဲ့ပတ်သက်ရင် သူ့ရဲ့ ရိုးရှင်းလှတဲ့ ကလေးဆန်မှုကို ဖုံးကွယ်မထားတတ်ဘူး၊ ရွှယ်မုန်ပြောသလိုပဲ "ကျွန်တော်က သနားစရာလေးပါဗျာ.. ရှိတာဆိုလို့ ပိုက်ဆံပဲ" လို့ပြောသလိုမျိုးပဲ၊ လူတိုင်း ဒီလိုစကားမျိုး ပြောနိုင်ကြတာမဟုတ်ဘူး၊ လျန်ကျန်းလည်း ဒါမျိုးကို ဟာသလုပ်ပြီး ပြောတတ်ခဲ့တာပဲ၊ သူသာ ဆန္ဒရှိရင် သူ့အဖေကို သူ့အမှားတွေ၀န်ခံပြီး "သနားစရာကောင်းပုံက ပိုက်ဆံပဲရှိတယ်" ဆိုတဲ့ သက်တောင့်သက်သာရှိတဲ့ ဘ၀လေးကို အချိန်မရွေး ပြန်သွားနိုင်တယ်။
YOU ARE READING
မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်
Romanceလန်ကျိုးနယ်က ငယ်ရွယ်၊ ရုပ်ချော၊ ငွေလျှံကာ စိတ်ဆတ်လွယ်သော rapperလေးတဦး။ ၀မ်ကျိုးနယ်က နူးညံ့၊ ယဉ်ကျေးကာ အတိတ်ကို သယ်ပိုးထားသော ရဲအရာရှိလေးတဦး။ ဝံပုလွေငယ်လေးဟာ ကြီးပြင်းလာပြီး အရာရှိလေးဟာလည်း သူ့အတိတ်ကိုလက်ခံသွားနိုင်မယ်။ တိုတိုလေးပြောရရင် ရင်ကိုနွေးထ...