Chapter 30

899 142 10
                                    

သူက လည်ပင်းက ချန်ပီယံဆွဲကြိုးကို ချွတ်လိုက်ပြီး..

ဒူးတဖက်ထောက်လိုက်ရင်း ချစ်ရေးဆိုသလို.. အဖြေတောင်းသလို.. ရှောက်မင်ယင်းရဲ့ လည်ပင်းမှာ စွပ်ပေးလိုက်တော့တယ်..

ရှောက်မင်ယင်းရော၊ တခြားသူတွေပါ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပဲ လျန်ကျန်းက စင်ပေါ်ကနေ အသာခုန်ချလိုက်ပြီး ရှောက်မင်ယင်းကို ဖက်လိုက်တယ်၊ သူက ရှောက်မင်ယင်းခါးကို လက်တဖက်နဲ့ဖက်ရင်း ကျန်တဲ့လက်တဖက်နဲ့ ရှောက်မင်ယင်းရဲ့‌ ခေါင်းကို ကိုင်လိုက်တယ်၊ သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတိုင်းက သမီးရည်းစားတွေအတိုင်းပဲ၊ မြေပြိုနေသလို ဆူနာမီ၀င်နေသလို ဆူညံနေတဲ့အသံတွေကြားမှာ သူတို့ရဲ့ရင်ဘတ်တွေက အချင်းချင်းထိကပ်နေကြပြီး သူတို့လက်ချင်းကိုင်ခဲ့ကြတုန်းကလိုမျိုး.. လက်ချောင်းချင်းထိစပ်နေရာကနေ ဒီနွေးထွေးမှုက နှလုံးသားအထိ ခရီးဆက်တယ်..

လျန်ကျန်းက သူ့ကို hostနဲ့ ပရိသတ်တွေ အော်ခေါ်နေတာကိုတောင် ဂရုမစိုက်ဘဲ ရှောက်မင်ယင်းလက်ကိုဆွဲပြီး စင်နောက်ကို သွားတယ်၊ ချန်ပီယံပေါ်လာတာနဲ့ စင်ရဲ့ ပိတ်ဖုံးအကာကလည်း ကျလာတော့ လျန်ကျန်းလည်း အသက်ရှူချောင်သွားတယ်၊ သူက ရှောက်မင်ယင်းရဲ့ မျက်နှာကို ကိုင်လိုက်တယ်၊ ရှောက်မင်ယင်းက မငြင်းဘူး၊ ဒီတော့ လျန်ကျန်းလည်း ပြုံးစိစိဖြစ်သွားတယ်၊ စက္ကန့်ပိုင်းလောက် ရှောက်မင်ယင်းကို တစိမ့်စိမ့်ကြည့်ပြီး အားပါပါနဲ့ကို ထပ်ပွေ့လိုက်တယ်၊ မသိရင် သူ့အသွေးအသားထဲထိပါ ရှောက်မင်ယင်းကို နစ်၀င်သွားအောင် ဖက်ထားနေသလိုပဲ..

ရှောက်မင်ယင်းက သူ့ကို ထပ်ဖက်တာလည်း မငြင်းဘူး၊ သူလည်း လျန်ကျန်းရဲ့ လည်ပင်းကို ပြန်သိုင်းဖက်လိုက်တယ်၊ အချိန်တော်တော်များများမှာ လျန်ကျန်းနဲ့ ခပ်ခွာခွာနေဖို့ အမြဲကြိုးစားပေမဲ့ အခုတော့ သူဘာကိုမှ ဂရုမစိုက်နိုင်တော့ဘူး..

ဒီလိုနဲ့ စင်ပေါ်က လူတယောက် သူတို့ဘက်လျှောက်လာတာမြင်မှ ရှောက်မင်ယင်းက လျန်ကျန်းကျောကို ပုတ်လိုက်ပြီး လွှတ်ပေးတော့ဖို့ အချက်ပြတယ်၊ လျန်ကျန်းကတော့ သူ့အရပ်ကြီးအားကိုးပြီး ခေါင်းမာမာနဲ့ ကလေးလေးတယောက်လို ထပ်ဖက်တယ်၊ ရှောက်မင်ယင်းက ခါးကိုမတ်လိုက်ပြီး ခြေဖျားထောက်လိုက်ရတဲ့အထိပဲ..

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now