Chapter 26

802 123 1
                                    

ရှောက်မင်ယင်းက စာရေးနေတာရပ်လိုက်ပြီး မော့ကြည့်လိုက်တော့ လျန်ကျန်းက အမြန်ထလိုက်တယ်။

သူပြောချင်တာ ပြောလိုက်ရလို့ နောင်တ‌တော့မရပေမဲ့ တော်တော်လေးတော့ ရှက်သွားတယ်၊ သူ စကားပြောဖို့ ထပ်လုပ်လိုက်ပေမဲ့ ရှက်နေတုန်းပဲ၊ သူ့ရင်ခုန်သံတွေ မြန်နေတယ်၊ သူ ဒီမှာသာ ကြာကြာ ဆက်နေ,နေဦးမယ်ဆိုရင် သူ့မျက်နှာက ခရမ်းချဉ်သီးဖြစ်တော့မယ်၊ တော်တော်ရှက်ဖို့ကောင်းတယ်။

"ကျွန်တော်ပြန်နှင့်ပြီ၊ အသံစမ်းပွဲရှိသေးလို့!" လျန်ကျန်းကပြောပြီး ရဲစခန်းက ပြေးထွက်သွားတယ်၊ သူစခန်းအပြင်ရောက်တော့ နောက်ပြန်လှည့်ကြည့်ပြီး လှမ်းအော်တယ် "ခင်ဗျား နက်ဖြန်ည ဆက်ဆက်လာရမယ်နော်၊ ကျွန်တော် ခင်ဗျားကို စောင့်နေမှာ!"

ဆုကြေးငွေက ဆွဲဆောင်နိုင်လွန်းလို့ထင်၊ ဒီနှစ်အတွင်း စာရင်းသွင်းသူတွေက ပုံမှန်ထက်များနေတယ်၊ ဒါကြောင့် တာ၀န်ရှိသူတွေက ပွဲမစခင် တယောက်နဲ့ တယောက်အပီဖြဲကြတဲ့ အသံစမ်းပွဲအသေးလေးတွေ အရင် စလုပ်တယ်၊ လျှောက်ထားသူစာရင်းက များတာကြောင့် သန်းခေါင်ကျော် မနက်၂နာရီလောက်ထိ ပွဲတွေ ဆက်သွားတယ်၊ နောက်ဆုံးမှာ ဆန်ကာတင် ၁၆ယောက် ရွေးခဲ့တယ်။ ၁၆ယောက်က အဖွဲ့ဖွဲ့ရ၊ ပြုရလည်း အဆင်ပြေတယ်၊ လျန်ကျန်းလည်း အရွေးခံလိုက်ရပြီး သူက အသံစမ်းပွဲပြီးတဲ့နောက် နာရီအနည်းငယ်လောက် အိပ်မပျော်ဘူး၊ သူက သူ့ကိုယ်သူနဲ့ ပြိုင်ဘက်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို တွေးနေတယ်၊ ပြိုင်ပွဲမှာ ခေါင်းအစခြေဆုံး တယောက်နဲ့တယောက် အသေဖဲ့လို့ရတယ်။

Live house ရဲ့ စင်မြင့်နောက်မှာ လူတိုင်းက စောင့်နေကြတယ်၊ လျန်ကျန်းက တယောက်နဲ့ တယောက် အပြန်အလှန်ထိုးနှက်တဲ့ သီချင်းတွေကို နားကြပ်တပ်နားထောင်ရင်း အားမွေးနေတယ်။

ပွဲလာကြည့်တဲ့ ပရိသတ်တွေ ပိုများလာတာနဲ့အမျှ လျန်ကျန်းလည်း သီချင်းနားထောင်ဖို့ အာရုံမလာတော့ဘူး၊ သူက WeChat ကို ခဏခဏ၀င်ကြည့်နေမိတယ်၊ လွန်ခဲ့တဲ့ မိနစ်၂၀လောက်ကတည်းက ရှောက်မင်ယင်းကို "ရောက်ပြီလား" လို့ စာပို့မေးထားပေမဲ့ ရှောက်မင်ယင်းဘက်က ခုထိ ဘာစာမှပြန်မလာသေးဘူး။

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now