ရွှယ်မုန်က သီချင်းကို ရပ်လိုက်ပြီး ဖုန်းကိုတော့ ဆက်ကိုင်ထားတယ်၊ သူက ခဏလောက် ကြက်သေသေနေမိပြီး မေးတယ် "ခင်ဗျားက တကယ်ကြီး လျန်ကျန်းလား?"
"အာ... ဟုတ်တယ်" လျန်ကျန်းက နည်းနည်းရှက်သွားတယ်၊ ရွှယ်မုန်နဲ့ ရန်ဆက်ဖြစ်နေဖို့လည်း ခေါင်းထဲမရှိတော့ဘူး။
"ဘုရားရေ... တကယ် လျန်ကျန်းလား" လျန်ကျန်းက ခေါင်းညိတ်တယ်၊ သူ ခုတကယ်ကို ရှက်နေပြီ။ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က သူတို့နှစ်ယောက်က အပီအပြင်ကို ဖိုက်နေကြတာ၊ အသက်ပင် သေရင်သေပါစေဆိုပြီး အလျှော့မပေးခဲ့ကြဘူး၊ လူငယ်လေးတွေက တကယ်သွေးဆူလွယ်ပြီး တက်ကြွကြပေမဲ့ ဒါကကောင်းကျိုးတွေလည်း အများကြီးရှိပါတယ်၊ ဥပမာပြောရရင် လျန်ကျန်းက ဘယ်သူဆိုတာ ပေါ်လည်းပေါ်သွားရော သူတို့နှစ်ယောက်မှာ ဘာရန်ငြိုးမှ မရှိတော့ဘူး၊ ကဲပါ... ပြီးခဲ့တာတွေလည်း ပြီးပါစေတော့...
"မင်း တော်တော် နားထောင်ပုံရတယ်" လျန်ကျန်းကပြောတယ်၊ သူက သူ့အကြောင်း သူသိပါတယ်၊ life is struggle ကိုရေးခဲ့တဲ့ စုန့်ယွဲ့ထင်းက တရုတ်rapလောကမှာ စံပြပုဂ္ဂိုလ်တဦးဆိုရင် သူကတော့ ကျော်ကြားမှုလည်းမရှိ၊ ခုမှ နာမည်လေးရရုံရှိသေးတဲ့ လူသစ်လေးတယောက်ပဲလေ၊ သူ့သီချင်းကို ချီးကျူးပေးတဲ့သူက ရွှယ်မုန်တယောက်ပဲရှိတယ်၊ Life is struggle သီချင်းဆိုရင် rapဂီတ နားမထောင်တဲ့လူတွေတောင် chorus(သံပြိုင်)ပိုင်းတွေ ရောက်ရင် လိုက်ညီးပြီး ဆိုနိုင်ကြတယ်၊ ဒီသီချင်းကို ရွှယ်မုန်နားထောင်နေတာက အံ့ဩစရာသိပ်မရှိပေမဲ့ သူ့လို သီချင်းတပုဒ်ပဲထွက်ထားတဲ့ rapperအသစ်လေးတယောက်ရဲ့ သီချင်းက ရွှယ်မုန်ရဲ့ playlist ထဲရှိနေတာကတော့ အံ့ဩဖို့ကောင်းတယ်။
"ငါ့သီချင်းကို ဘယ်ကရှာတွေ့လာတာလဲ" လျန်ကျန်းက အတော်လေးကို သိချင်နေတယ် "ငါသိတာကတော့ ဒီသီချင်းက သူ့အသိုင်းအဝိုင်းလေးနဲ့ သူပဲရှိတယ်ထင်နေတာ၊ ဘယ်ကနေတွေ့လာတာလဲ"
"ခင်ဗျား ရိုထိုက်တို့ အဖွဲ့နဲ့ အရင်ကတွဲဖူးတယ်မလား၊ ခင်ဗျားနာမည်က twitter nf မှာတက်လာတာနဲ့ နာမည်ကလည်း ရင်းနှီးနေတော့ ၀င်ကြည့်လိုက်ရင်း..." ရွှယ်မုန်က သူ့လက်ဖဝါးကို ဆတ်ခနဲဖြန့်လိုက်ပြီး မီးပန်းတွေ ပွင့်ထွက်သွားသလို ပုံလုပ်ပြတယ် "ဒါက ကျွန်တော် ပထမဆုံး စစနားထောင်ချင်းတုန်းက ခံစားလိုက်ရတာပဲ၊ တအားစိတ်လှုပ်ရှားစရာကောင်းတယ်၊ အရမ်း ဂန်းစတားဆန်တာပဲ!"

YOU ARE READING
မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်
Romanceလန်ကျိုးနယ်က ငယ်ရွယ်၊ ရုပ်ချော၊ ငွေလျှံကာ စိတ်ဆတ်လွယ်သော rapperလေးတဦး။ ရှစ်ကျားကျွမ်းနယ်က နူးညံ့၊ ယဉ်ကျေးကာ အတိတ်ကို သယ်ပိုးထားသော ရဲအရာရှိလေးတဦး။ ဝံပုလွေငယ်လေးဟာ ကြီးပြင်းလာပြီး အရာရှိလေးဟာလည်း သူ့အတိတ်ကိုလက်ခံသွားနိုင်မယ်။ တိုတိုလေးပြောရရင် ရင်ကိ...