လျန်ကျန်း ဂီတလောကကို စ၀င်တဲ့အချိန်ကစပြီး သူ့မိဘတွေနဲ့ အိမ်ခွဲနေခဲ့တယ်၊ သူတက်တဲ့ တက္ကသိုလ်က ၀မ်ကျိုးမြို့လယ်မှာရှိတယ်၊ ၀မ်ကျိုးကျောင်းက ကျောင်းလက်ခံစာ ရောက်လာတဲ့အချိန်တုန်းက သူ့အမေဖြစ်သူက မီးခံသေတ္တာထဲကို အချိန်အတန်ကြာ မွှေနှောက်ရှာဖွေနေခဲ့တယ်၊ နောက်တော့ သူ၀ယ်ထားပေမဲ့ သွားမကြည့်ဖြစ်တဲ့ ၀မ်ကျိုးမြို့ ကျုံးယွဲ့ရပ်ကွက်လေးတခုက နှစ်ထပ်တိုက်လေးတလုံးရဲ့ သော့ကို လျန်ကျန်းကိုပေးလာတယ်၊ လျန်ကျန်းက လက်ခံလိုက်ပြီး တက္ကသိုလ်အိပ်ဆောင်မှာပဲ တနှစ်ကြာနေခဲ့တယ်၊ ဒါပေမဲ့ သူ့ရဲ့ ဂီတအပေါ် စိတ်အားထက်သန်မှုက ပျောက်ဆုံးမသွားခဲ့ဘူး၊ ဒါနဲ့ နောက်နှစ် ဒုတိယနှစ်ရောက်တော့ သူအိပ်ဆောင်မှာမနေတော့ဘဲ နေရာပြောင်းလိုက်တယ်၊ သူ့အမေပေးလာတဲ့ တိုက်ကအခန်းငယ်တခုကို စတူဒီယိုခန်းအဖြစ်နဲ့ ပြောင်းလဲလိုက်တယ်၊ စတူဒီယို တခန်းလုံး အဆင့်မြင့်မြင့် မွမ်းမံထားပြီး အသံလုံစနစ်ပါ တပ်ထားတယ်၊ သူ သံစဥ်တွေ beat တွေအတွက် ငွေပေါင်းများစွာ သုံးခဲ့ပြီး သီချင်းအနည်းငယ်လည်း ရေးသားခဲ့တယ်၊ သူက အရာအားလုံးပြည့်စုံပြီး အသင့်ဖြစ်နေရင်း သီချင်းတွေကို အသံသွင်း ထုတ်လုပ်ဖို့ပဲကျန်တယ်။ ပြီးရင်ယုံကြည်ရတဲ့ website တွေမှာ သီချင်းတွေ တင်ပြီး ကောမန့်လေးတွေစောင့်မယ်..
ဒါပေမဲ့ သူက သီချင်းတပုဒ်ပြီးတိုင်း စိတ်တိုင်းမကျဖြစ်လို့ ထပ်ရေးပြန်တယ်၊ ဒီလို လုံးချာလည်ရိုက်နေရင်းကနေ နောက်တနှစ်သာ ကုန်သွားတယ်၊ သူ့မှာ သီချင်းတပုဒ်တောင် မထွက်လာဘူး၊ ဒီလိုနဲ့ သူက live house ပွဲတွေမှာ နောက်ခံသီချင်းတွေ အပျော်သဘော လိုက်ဆိုခဲ့တယ်၊ သူ့မှာ ဘာအလုပ်မှ မယ်မယ်ရရမရှိပေမဲ့ ၀မ်ကျိုးက hip hop အဆိုတော်တွေက လန်ကျိုးကလာတဲ့ အသံကောင်း၊ ရုပ်ချော၊ ငွေရှိတဲ့ လူငယ်လေးကို တဖြည်းဖြည်း သိလာကြတယ်..
Hip hop သီဆိုတော့ ငွေရေးကြေးရေးကရော? ဒါကအရေးမကြီးပါဘူး၊ လျန်ကျန်းက သူချမ်းသာကြောင်း ကြွားနေတာတော့ မဟုတ်ပေမဲ့ သူယာဉ်မောင်းလိုင်စင်ရသွားတော့ တကယ်က Ferrari Enzo ကားလိုမျိုးကိုလိုချင်တာ၊ ဒါပေမဲ့ သူက low key, low profile လေးနဲ့ နေရမှာဆိုတော့ Porsche 911 လေးပဲ ၀ယ်လိုက်ဖြစ်တယ်၊ သူ့အတန်းဖော်တွေ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါ သူကားမောင်းတာရှားပါတယ်၊ မကြာခဏတော့ Lexus LX ကိုတော့ စီးဖြစ်တယ်၊ သူ့မှာရှိတဲ့ ကားပါကင်ထိုးတဲ့နေရာမှာလည်း နေရာလွတ်တွေကျန်နေသေးတယ်၊ နောက်ပြီး နောက်တစီးထပ်၀ယ်ဖို့လည်း စိတ်ကူးမရှိသေးပေမဲ့ သူအချုပ်ခန်းကလွတ်လာတော့ သခင်လေးတယောက်ရဲ့ ဇာတိတွေ ပြန်ပြလာချင်တာနဲ့တူပါတယ်၊ ငွေပေါပေါလောလော သုံးပစ်ချင်နေတယ်၊ ဒီလိုနဲ့နောက်တနေ့ကြတော့ စုန့်ကျိုးနဲ့အတူ ၀မ်ကျိုးမြို့မှာရှိတဲ့ Ferrari 4S ဆိုင်မှာ Ferrari GTC4 ကို ငွေအပြည့်ချေလိုက်တော့တယ်..

YOU ARE READING
မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်
Romantizmလန်ကျိုးနယ်က ငယ်ရွယ်၊ ရုပ်ချော၊ ငွေလျှံကာ စိတ်ဆတ်လွယ်သော rapperလေးတဦး။ ရှစ်ကျားကျွမ်းနယ်က နူးညံ့၊ ယဉ်ကျေးကာ အတိတ်ကို သယ်ပိုးထားသော ရဲအရာရှိလေးတဦး။ ဝံပုလွေငယ်လေးဟာ ကြီးပြင်းလာပြီး အရာရှိလေးဟာလည်း သူ့အတိတ်ကိုလက်ခံသွားနိုင်မယ်။ တိုတိုလေးပြောရရင် ရင်ကိ...