Chapter 8

1.2K 193 8
                                    

လျန်ကျန်းက ညသန်းခေါင်ကျော်မှာ ဗြုန်းစားကြီး နိုးလာပြီး အိပ်ရာထက်ကနေ ငေါက်ခနဲ ထထိုင်လိုက်တယ်၊ သူက စောင်ကိုဖယ်လိုက်ပြီး မီးဖိုချောင်ထဲ အပြေးသွားရင်း ရေခဲသေတ္တာထဲက ရေခဲရေဘူးကို အဖုံးဖွင့် မော့ချလိုက်တယ်..

ဘူးတ၀က်လောက်အကုန်သောက်ပြီးတာတောင် သူ့မှာအာတွေခြောက်နေတုန်းပဲ၊ အဲ့တာအခု မက်သွားတဲ့ အိပ်မက်ကြီးကြောင့်၊ အဲ့အိပ်မက်ထဲမှာ သူနဲ့ရှောက်မင်ယင်းပါပြီး အရာရာတိုင်းက အလင်း၊ အမှောင်၊ အရိပ်တွေနဲ့ သေချာရိုက်ပြထားသလိုကို ဘွင်းဘွင်းရှင်းရှင်းကြီး မြင်နေရတာ... ခုလေးတင် အပြင်မှာ တကယ်ဖြစ်ပျက်သွားတဲ့အတိုင်းပဲ...

လျန်ကျန်းက တကယ်ကို သူ့ပါးသူရိုက်ချင်သွားတယ်၊ ဘယ်လိုတောင် အရေးမပါတဲ့ အိပ်မက်တွေလဲ? ဒီရက်တွေမှာ ဒီအိပ်မက်ပဲ တောက်လျှောက်မက်နေတာ၊ ဒီခေါင်းစဉ်ကနေ ပြောင်းကိုပြောင်းမသွားဘူး..

ဒါပေမဲ့ နည်းနည်းတော့... သူ ဘယ်လိုပြောရမလဲ... ဒါကိုအသားကျသွားသလိုပဲ...

အဲ့နေ့က အရာရှိရှောက်ရဲ့ မျက်နှာကို ပြန်တွေးမိရုံနဲ့ သူ့ညီလေးက ဆတ်ခနဲ ထောင်လာပြန်တယ်၊ နေ့ဘက်မှာ တွေးနေတာတွေက ညရောက်ရင် အိပ်မက်ထဲပါလာတယ်တဲ့... ဒီစကားက အလကား မဟုတ်ဘူး..

သူ ရှောက်မင်ယင်းကို တကယ် သတိရနေတယ်...

အဲ့နေ့ည သန့်စင်ခန်းထဲက အိမ်သာအကန့်ခန်းတခန်းမှာ အရာရှိရှောက်ရဲ့နောက်ကလိုက်၀င်သွားတုန်းကလည်း ဘာဆက်ဖြစ်မယ်ဆိုတာကို သူမသိဘူး၊ ဘောင်းဘီချွတ်ချခံလိုက်ရတုန်းကလည်း ဘာဆက်ဖြစ်မယ်မှန်း သူမသိသေးဘူး၊ သူကျိန်ဆို ကျန်ရဲပါတယ်၊ လျန်ကျန်းဆိုတဲ့သူက အရာရှိရှောက် လမ်းမှားမရောက်အောင် စည်းရုံးကြည့်မလို့ပါပဲ၊ ဒါပေမဲ့ သူကိုယ်တိုင် အရှုပ်ထဲ သူ့ဘာသာဆွဲထည့်မိပြီး ဒီလိုမျိုးအဆုံးသတ်သွားရတယ်!

အဲ့နေ့ညမှာပဲ အရာရှိရှောက်က သူ့ညီလေးကို ဘယ်လိုကျေနပ်သွားစေတယ် ဆိုတာကို သူမတွေးဘဲ မနေနိုင်ဘူး၊ သူက ၀က်တွေပြေးလွှားနေတာကို မြင်ဖူးပေမဲ့ ၀က်သားတော့ မစားဖူးဘူးလေ၊ သူ့ဘ၀မှာ တခြားယောကျာ်းတယောက်က သူ့ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်လို့ တခါမှ မတွေးကြည့်ဖူးဘူး..

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now