Chapter 5

490 84 9
                                    

ထိုတခွက်ကုန်ပြီးနောက်တော့ ရှောင်မင်ယင်းက အဖျော်ဆရာကို Island Cocktail နောက်တခွက်ထပ်တောင်းလိုက်တယ်၊ အဲ့နောက် သူ့ရှေ့ကလူကို ကမ်းပေးလိုက်တယ်။
"အရသာကောင်းလေးအတွက် ပြန်ဧည့်ခံပါရစေ"

တဖက်ကလူကလည်း မငြင်း၊ သို့သော် ရှောက်မင်ယင်းလို မြန်မြန်မသောက်ဘဲ တငုံချင်းအရသာခံသောက်နေတယ်။ ဒီ cocktail က Irish bailey cream ရဲ့ ချိုမြမြအရသာနဲ့ များလှစွာသော ရမ်ပါ၀င်မှုတွေကို ဖုံးထားတာ။ အရသာက နို့ချောကလက်လိုပေမဲ့ တကယ်ကိုပြင်းတယ်။

"ကျွန်တော်က အရာရှိရှောက်ကို ဒီမှာလာတွေ့မယ်ထင်မထားဘူး၊ တခွက်လောက်ပြုစုသင့်တာပေါ့"

ရှောက်မင်ယင်းက ခေါင်းတချက်ညိတ်ပြလိုက်ရင်း "ကျွန်တော်က နယ်မြေခံရဲတယောက်ပါပဲ၊ အရမ်းကြီး ယဉ်ကျေးနေစရာမလိုပါဘူး၊ ဒါပေမဲ့ ရှေ့နီလီကလည်း တနေ့တနေ့အလုပ်တွေ ရှုပ်နေမှာပဲ၊ ဒီညလည်း ဟိုသခင်လေးကို အာမခံလာ မထုတ်မပေးဘူးလား"

"အဲ့ သခင်လေးသာ ရဲစခန်းထပ်ရောက်နေဦးမယ်ဆို ခင်ဗျားလည်းအေးအေးဆေးဆေးနဲ့ ဒီမှာလာထိုင်နေလို့မရဘူးလေ"

ရှေ့နေလီပြောတာ မမှား၊ သူတို့ မုရှန်းနယ်မြေခရိုင်ရဲစခန်းမှာ အရန်ရဲတွေနဲ့ အရပ်သား အမျိုးသမီးရဲအရာရှိတွေ ရှိတာ်၊ တကယ့်ဌာနထဲမှာတော့ အမျိုးသား ရဲအရာရှိလေးဦးပဲ ပါ၀င်ဖွဲ့စည်းထားတယ်။ သူကလွဲ ကျန်တဲ့သုံးယောက်က အသက် ၃၅နှစ်အထက်တွေ ဖြစ်ကြတယ်၊ အခု ဂျူတီပြီးသွားချိန်တောင် ခိုက်ရန်ဖြစ်ပွားမှုဘာညာပေါ်လာရင် သွားဖြေရှင်းရ‌သေးတယ်၊ အာမခံလာထုတ်တာမျိုးတို့၊ ဖုန်းအဖြေအဆိုတို့ ဘာတို့မှာလည်း ရှောက်မင်ယင်းရဲ့ ခေါင်းပေါ်ပဲ တာ၀န်ကျတယ်၊ ၀မ်ကျိုးမြို့မှာ လူကုံထံမရှားသလို လူကုံထံတွေရဲ့ သားသမီးတွေလည်း မရှားလှ၊ သူတို့ပြောနေတဲ့ သခင်လေးဆိုတာ မုရှန်းခရိုင်စက်မှုဇုန် ဖိနပ်ကုမ္ပဏီပိုင်ရှင်သားလေးဖြစ်တယ်။ ရှေ့နေလီက အဲ့ကုမ္ပဏီရဲ့ ရှေ့နေတဦးဖြစ်ပေမဲ့ အင်တာနက် စွဲလမ်းနေတဲ့ သခင်လေးကို ရဲစခန်းက အချိန်မရွေး လာထုတ်ပေးရတဲ့ တာ၀န်တဖက်ရှိတယ်။ သခင်လေးက အင်တာနက်ကဖေးဆိုင်တွေရဲ့ အနံ့သင်းသင်းလေးနဲ့ အင်တာနက်နှုန်းကို တအားကြိုက်တယ်၊ သေချာတာကတော့ အွန်လိုင်းဂိမ်းတွေလာထိုင်ဆော့တာပေါ့၊ ခရိုင်ရဲစခန်းက ကဖေးဆိုင်ကို အသက်ပြည့်မပြည့် IDကတ်တွေ လာစစ်ဆေးတိုင်း အဲ့ကလေးက မသိချင်ယောင်ဆောင်နေတတ်တာမို့ ရဲတွေလည်း သူ့နောက်ကနေ မတ်တပ်ရပ်စောင့်ရတယ်၊ အဲ့ပါးနပ်လွန်းတဲ့ကလေးက ဂိမ်းပြီးတဲ့ထိစောင့်ပေးမှ လိုက်မယ်လို့ အမြဲပြောတတ်တယ်။

မင်းအတွက်ဆို တောင်တန်းတွေပါ ဖြတ်ကျော်မယ်Where stories live. Discover now