Chapter 1

4.4K 350 19
                                    

လျန်ကျန်းက သူဒီလိုပုံမျိုးနဲ့ နာမည်ကြီးသွားမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး..

အိမ်ခြံမြေအရောင်းစင်တာတခုမှာ သူစိတ်ဆိုးဆိုးနဲ့ ဆူပူကြိမ်းမောင်းနေတဲ့ ဗီဒီယိုတပုဒ်က အင်တာနက်(Weibo)ပေါ်မှာ အတော်လေး ဟော့သွားပြီး တညလုံးရေပန်းစားနေခဲ့တယ်၊ တမိနစ်နဲ့ လေးဆယ့်ရှစ်စက္ကန့်စာပဲပါတဲ့ ဗီဒီယိုအစဆုံးမှာတော့ သူရဲ့မန်ဒရင်းတရုတ်စကားနဲ့ လန်ကျိုးဒေသိယစကားကို တလှည့်စီ အဆင်ချောချောနဲ့ ပြောဆိုကြိမ်းမောင်းသွားပုံပါနေတယ်၊ အရောင်းကောင်တာနောက်မှာထိုင်နေတဲ့ အရောင်းကိုယ်စားလှယ်ကတော့ သူ့ခေါင်းကို ငုံ့နေခဲ့ပြီး လျန်ကျန်းရဲ့ တ‌ဖျစ်တောက်တောက် ပြောဆိုပုတ်ခတ်နေတာကို အံ့အားသင့်နေရင်း ပြောစရာစကားတွေပါ ပျောက်နေပုံရတယ်၊ ဘေးပတ်၀န်းကျင်က လူတွေကတော့ ဖုန်းကိုယ်စီထုတ်ပြီး ဗီဒီယိုရိုက်နေကြတယ်၊ ပြီးတဲ့နောက် သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်တင်ပြီး လျန်ကျန်းရဲ့ ရှင်းလင်းပီသစွာနဲ့ တရစပ်ပြောဆိုသွားပုံကို ချီးမွမ်းခန်းဖွင့်နေကြတယ်..

ဗီဒီယို စတင်ပျံ့နှံ့သွားချိန်က လူအများစုက ဒေသိယစကားပေါ် အာရုံစိုက်ခဲ့ကြတယ်၊ အရောင်းစင်တာက နားလည်ရအခက်ခဲဆုံးဖြစ်တဲ့ ဒေသိယစကားနဲ့ လူသိများတဲ့ ၀မ်ကျိုးနယ်မှာရှိတယ်၊ ဒါပေမဲ့ လျန်ကျိုးက သူရဲ့ လေးလံပြီး ပြင်းထန်တဲ့ အနောက်မြောက်လေယူလေသိမ်းကို ပြောဆိုသွားရင်း ၀မ်ကျိုးဒေသိယစကားလုံးနည်းနည်းကိုပါ တမင်သက်သက် ထည့်ပြောသွားတယ်၊ သူက တခါတည်း ကျိန်ဆဲသွားတာလည်းမဟုတ်.. အထစ်အငေါ့မရှိ မရပ်မနားဘဲ တမိနစ်နှင့် သုံးဆယ့်ရှစ်စက္ကန့်စာ ကရားရေလွှတ်တတွတ်တွတ် ပြောသွားတယ်၊ တကယ်လည်း ဟော့သွားတာ မဆန်းပါဘူး..

သူပြောသွားတာတွေက ကာရန်တွေတောင် ကိုက်နေလိုက်သေးတယ်..

ဒါပေမဲ့ ကောမန့်မှတ်ချက်တွေက နောက်အာရုံစိုက်စရာတခုကို အမြန်ပြောင်းသွားတယ်၊ ဒေသိယစကားကို ဆွေးနွေးနေကြရင်းကနေ ရုတ်တရက် ထအော်လာကြတယ်..

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now