Chapter 32

862 134 4
                                    

ရှောက်မင်ယင်းက အိမ်တံခါးဖွင့်ရင်း မီးခလုတ်ပါဖွင့်လိုက်တယ်၊ သူက သော့ကို အ၀င်၀က ဖိနပ်စင်ပေါ်တင်လိုက်ရင်း မီးဖိုချောင်ကို သွားတယ်၊ လျန်ကျန်းလည်း အိမ်ထဲတူတူ လိုက်၀င်လာပေမဲ့ သူဒီတခေါက်တော့ အရင်လို မီး‌ဖိုခန်းလေးထဲ အပြေးအလွှား မသွားတော့ဘူး၊ သူက မီးဖိုတံခါးအပြင်ဘက်မှာပဲ တိတ်တိတ်လေးရပ်နေမိတယ်..

သေချာပြောရရင်တော့ လျန်ကျန်း လိုက်၀င်ချင်တယ်ဆိုတောင် မီးဖိုခန်းထဲ ပြွတ်သိပ်နေတာ၊ ရှောက်မင်ယင်းက လောလော,လောလောနဲ့ ထွက်လာတာဖြစ်မယ်လို့ သူတွေးလိုက်တယ်၊ စားပွဲပေါ်မှာ ဂျုံမှုန့်‌တွေနဲ့ စွန်းနေတဲ့ ရေအကွက်,အကွက်တွေက ခြောက်သွားတာ ကြာ‌နေပုံပေါ်နေပေမဲ့ မုန့်ညက်နယ်ထားတဲ့ ဇလုံကတော့ မဆေးရသေးပုံပေါ်တယ်၊ လျန်ကျန်းက ထမင်းပေါင်းအိုးနားမှာ ရှိနေတဲ့ မြေအိုးပေါင်းအိုးကို ထိကြည့်လိုက်တယ်၊ အိုးက ပလပ်တပ်ထားပြီး အိုးမျက်နှာပြင်မှာ keep warm ဆိုပြီး ပြနေတယ်၊ သူက မြေပေါင်းအိုးရဲ့ အပြင်ကအပူကို ထိပြီး ခံစားကြည့်လိုက်တယ်၊ ရှောက်မင်ယင်းရဲ့အိမ်မှာ ဒီလို မီးဖိုချောင်သုံးပစ္စည်းတွေ ရှိနေမယ်လို့ မထင်ထားဘူး၊ ပြီးတော့ ရှောက်မင်ယင်းရဲ့ မီးဖိုကောင်တာမှာ ဒီလောက်များတဲ့ အစားသောက်အမယ်တွေကိုလည်း တခါမှမတွေ့ဖူးဘူး..

လျန်ကျန်းက ရှောက်မင်ယင်းကို ကြည့်နေတယ်၊ ရှောက်မင်ယင်းက ရေခဲသေတ္တာဖွင့်လိုက်ပြီး ပလစ်စတစ်နဲ့ထုတ်ထားတဲ့ ဂျုံမုန့်ညက်‌လုံးကို ထုတ်လိုက်တယ်၊ ပြီးတော့ စဉ်းတီတုံးပေါ်ကို ဂျုံမှုန့်နည်းနည်းဖြူးလိုက်တယ်၊ ရှောက်မင်ယင်းပုံက လျန်ကျန်းတခါမှ မမြင်ဖူးတဲ့ နူးညံ့ပြီး အိမ်ထောင်မှုကို စိတ်နှစ်လုပ်နေတဲ့သူတယောက်လိုပဲ၊ ရှောက်မင်ယင်းက ဂျုံသားဖြတ်တဲ့နေရာမှာ စကေးမကျပေမဲ့ သူက အလေးအနက်အထားပြီးကို ကြိုးစားဖြတ်နေတယ်၊ သူက ဂျုံကို ခေါက်ဆွဲသားအနေအထားရအောင် အမြှောင်း,အမြှောင်းလေးတွေ ဖြတ်ပြီးချိန်မှာတော့ သူ့လှုပ်ရှားမှုမှန်သမျှကို ရပ်လိုက်ပြီး မီးဖိုခန်းတံခါးမှာ မှီရင်း ရပ်ကြည့်နေတဲ့ လျန်ကျန်းကို ခေါင်းစောင်းလို့ လှမ်းကြည့်တယ်၊ ပြီးတော့ လျန်ကျန်းကို ဝေးဝေးသွားဆိုတဲ့ပုံ လုပ်ပြရင်း "ရာမန်(ခေါက်ဆွဲ)လုပ်တာ ဘာစိတ်၀င်စားစရာမှ မရှိဘူး၊ ကြည့်မနေနဲ့တော့၊ ရှက်စရာကြီး"

မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်Where stories live. Discover now