"မင်းမဟော် မြေဩဇာကောင် ဟျောင့်"
"ဘာလည်းကွာ ငါစိတ်ညစ်နေတာနော်"
"ဟျောင့် ငါသူကြီးဆိုတာလည်းနည်းနည်းပါးပါးသတိရပါအုန်းကွာ အရင်ကလိုမဟုတ်တော့ဘူးကွ"
"မှန်းစမ်း မင်းဂျိုပေါက်သွားတာလား"
"ဉာဏ်ဖြိုးက ဘာကိစ္စနဲ့ဂျိုပေါက်ရမှာတုန်း မင်းမဟော် မြေဩဇာကောင်ရ"
"အရင်ကလိုမဟုတ်တော့ဘူးဆိုလို့လေကွာ အဲ့တာကြောင့်"
"ဟားးးး"
"မရီနဲ့ကွ စောက်သဲကွဲနေတာ"
"အမယ် ကျွဲပါးစပ်ကနတ်စကားထွက်တာ"
"ညိုတာကညိုတာ ကျွဲနဲ့လောက်ထိတော့မနှိုင်းနဲ့"
"ကဲပြောပါအုန်း ကိုရွှေမင်းမေဟာ်ရဲ့"
"ရွာလယ်ပိုင်းက မြခွာညိုလေ မင်းတို့သိလား"
"တစ်ရွာလုံးကိုအုပ်ချုပ်နေတဲ့ ငါပါကွ သိတာပေါ့"
"ငါလည်းသိတယ်လေ ဘာဖြစ်လို့တုန်းကွ"
"သူလင်နောက်လိုက်သွားပြီကွ"
"ဟာ့ သူ့ဘာသာသူလင်နောက်လိုက်တာလေကွာ မင်းနဲ့ဘာဆိုင်လို့တုန်း"
"မင်းမေလင်လိုပဲ မဆိုင်ပဲနဲ့လာငိုင်မနေဘူး"
"ဒါဆိုမင်းနဲ့သူက"
"ရည်းစားတွေကွ သူကငါနဲ့တွဲနေရင်းကနေ ဟိုဘက်ရွာက လူချောနဲ့ခိုးရာလိုက်ပြေးသွားတာ"
"သူကဒါဆိုလှေနံနှစ်ဖက်နင်းတာ"
"ဒါတင်ဘယ်ကမလဲ ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်တာ"
"ခွေးဇာတ်ခင်းသွားတာကွ"
"မင်းတို့ဟာကလည်းကွာ နားငြီးရတဲ့ထဲကွာ"
"ထန်းတောသွားကြမလား"
"ချကွာ"
သန်းခေါင်၊ မင်းမဟော်၊ သာထက်ဉာဏ်ဖြိုးတို့သုံးယောက်သား ထန်းတောဘက်သို့ချီတက်လာကြ၏
~~~~~~~
"မမ နင်နဲ့နန်းကဘာတွေလဲ"
"လင်းရယ် အရင်းမရှိအဖျားမရှိ ဘာဖြစ်ရမှာတုန်း"

YOU ARE READING
မတည့်အတူနေ(U&Z)
Fanfictionမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...