မိုးသောက်လင်းကောင်းမှုအကြောင်းပြုကာ အကြင်နာတို့တစ်အုပ်စုမိုးမိပြီးဖျားနေကြလေ၏။ အခန်းတံခါးကအပြင်ကဂျက်ထိုးလို့ရပေမယ့် ပြတင်းပေါက်တံခါးကတော့အရပေ။ ဒါကြောင့်ဘယ်ချိန်များပြန်ဖွက့်မလည်းဆိုတာစောင့်ရင်းနဲ့မိုးမိသွားတာပင်။
"အကြင်နာရယ် နင်တို့လေးယောက်ဘယ်လိုဖြစ်ပြီးဖျားရတာတုန်း မနေ့ကတောင်အကောင်းကြီးပါ"
"ဒီလိုပါပဲကိုကြီးမှိုင်းရယ်mouse manတစ်ကောင်ကြောင့်ဖျားတာလို့ပဲ မှတ်ထားလိုက်"
"ပါးပါး"
"ယံလင်းဘယ်သူ့ကိုခေါ်တာလည်း"
"တီမြတ်က သင်ပေးထားတယ် ဖေဖေမှိုင်းကိုပါးပါးလို့ခေါ်ရမယ်တဲ့ သားကဘာလို့လည်းမေးတော့ ကိုကြီးမှိုင်းကအောက်ကမို့လို့တဲ့"
"အကြက်နာမ"
"ကိုကြီးမှိုင်းကလည်း အကြင်နာပါ အကြပ်နာမဟုတ်ပါဘူး"
"နင့်ဟာနင် နာချင်တာသာနာတော့ ကလေးကိုမဟုတ်တာတွေလိုက်ပြောနေတာ သေချင်နေပြီလား မဟော့်အိပ်ယာထဲပစ်ထည့်လိုက်မှ အဖေကယ်ပါ အမေကယ်ပါတွေဖြစ်ကုန်မယ်"
"ကိုကြီးမှိုင်းကလည်း မဟော်က အကြင်နာ့သားမက်ဖြစ်လာမယ့်သူပါ"
"အားအားရှိ လင်ပဲလိုက်ပေးစားနေတယ်"
မိုးသောက်ကပြောတော့ အကြင်နာကလက်ခလယ်ထောင်ပြ၏။ ဒီဟာမရှိတာလည်းမဟုတ်ဘဲနဲ့ဆိုတာ ထုတ်တော့မပြောဖြစ်။ အဲ့လိုသာပြောလိုက်ရင် မရှိလည်းဘာဖြစ်လည်း ရှိတဲ့သူဆီက ငှားဆဲတာလို့ပြောမှာအသေအချာပင်။
"ကယ်ပါ ငါထမင်းကြော် ကြော်ထားတယ် စားကြ"
"ခေါင်ရယ် မပေါ့မပါးကြီးနဲ့ကို မောင့်ကိုနှိုးလိုက်တာမဟုတ်ဘူး မောင်ကြော်ပေးမှာပေါ့"
"ဟေးဟေး နင်သာကြော်ရင် ငါမစားဘူး"
"နင့်ကိုရောစားပါလို့ကျွေးနေလို့ စလေဇီးသီးမရဲ့"
"အေးပါ ကျေးဇူးရှင်ကိုစော်ကားလို့ မြေမြိုခံရသောကိုတင်ရွှေဖြစ်နေမယ် သတိထားနေ ငါမနှောက်သေးဘူးနော် ဟင်းဟင်းဟင်း"
YOU ARE READING
မတည့်အတူနေ(U&Z)
Fanficမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...
