(9)

1.8K 57 0
                                        

မိုးသောက်တို့မြို့ရောက်တော့ သာထက်ကအလုပ်ကိစ္စနဲ့သွားစရာရှိတဲ့နေကာကိုအရင်ထွက်သွား၏။ သူတို့5ယောက်သား ဈေးတစ်ဈေးလုံးပတ်နေကြ၏

"ဟျောင့် မိုးသောက်လင်း ငါတို့ဘာတွေဝယ်ရမှာလည်း"

"ဗီဒိုကရှိတယ် ထမင်းစားပွဲခုံလည်းရှိတယ် ငါတို့ဝယ်ရမှာက ငါတို့အိပ်ဖို့ဖျာရယ် ခေါင်းအုန်းတွေစောင်တွေ ခြင်ထောင်ရယ် မီးအတွက်ဆိုလာရယ် ကြည့်ပြီးဝယ်ကြတာပေါ့ကွာ"

"အေး"

"ဆရာနဲ့ဆရာမ ဘာစားကြအုန်းမလဲ"

"အကိုတို့အဆင်ပြေတာစားလေ"

"အကို အကိုနဲ့မခေါ်ပါနဲ့ဗျာ ကျုပ်အသက်ကခုမှ26ရယ်"

"အကြင်နာတို့နဲ့အတူတူပဲပေါ့ အဲ့တာဆိုရင် လင်းလင်းလို့ခေါ်မယ်လေ"

"ဟုတ်ကဲ့"

သူတို့လည်း ဝယ်စရာရှိတာတွေဝယ်လို့ပြီးတော့ ညနေပင်စောင်းတော့မယ်။ သာထက်ကတော့ပြန်မရောက်သေး။

"ညနေလည်းစောင်းနေပြီ မှီရာကားနဲ့ရွာကိုပြန်ကြတာပေါ့"

"ခဏလေး အမှောင်ကောင် ငါဆိုင်ကယ်တစ်စီးလောက်ဝယ်ချင်လို့ ဟိုနားဒီနားသွားရင်အဆင်ပြေအောင်လို့"

"‌ဟုတ်တယ် လင်းလင်းပြောသလိုဟိုနားဒီနားသွားရင်ဆိုင်ကယ်လေးနဲ့မှ အဆင်ပြေမှာ ကျွန်တော့်အသိဆိုင်ကယ်ဆိုင်ရှိတယ်"

"ဆရာလေးပြောတဲ့ဆီသွားကြတာပေါ့"

"စည်တော်လို့ပဲခေါ်ပါဗျာ ရင်းရင်းနှီးနှီးပေါ့"

"ဟုတ်ပါပြီ ညနေ‌လည်းစောင်းနေပြီးမြန်မြန်သွားပြီးမြန်မြန်ပြန်ကြတာပေါ့"

သန်းခေါင်တို့ဆိုင်ကယ်ဆိုင်ထဲကိုဝင်လာတော့ ကလေးလေးတစ်ယောက်ကရပ်ကြည့်နေ၏

သူတို့ ဆိုင်ကယ်ဝယ်ပြီးတဲ့အထိ အဲ့ကလေးလေးတစ်ယောက်ကသူတို့5ယောက်ကိုရပ်ကြည့်တုန်း။အသက်က4,5နှစ်လောက်ပဲရှိအုန်းမယ်

အကြင်နာက

"သားသားလေး အိမ်မပြန်သေးဘူးလား"

"တားမှာအိမ်ရှိဝူးဂျ"

"သားသားမိဘတွေကော"

မတည့်အတူနေ(U&Z)Where stories live. Discover now