"ဗျို့ ကိုကြီးမှိုင်း"
"ဘာလဲ စောလွန်း"
"ကျုပ်မယ်ရှာလိုက်ရတာဗျာ ကိုကြီးမှိုင်းကဒီရောက်နေတယ်"
"အေးခုတွေ့ပြီမလား ဒါနဲ့ဆိုင်ကောအဆင်ပြေလား"
"ပြေတယ် မမဆိုင်ထိုင်နေတာ"
"အေး ခုကဘာကိစ္စလည်း"
"သူကြီးက ရွာဘုရားပွဲအတွက်အခေါ်လွှတ်လိုက်တာ ကိုကြီးမှိုင်းက ကာလသားခေါင်းဆို"
"အေးလေ ဘာလည်းငါအခုသွားရမှာလား"
"ဟုတ်"
"ီးဖင်နာနေပါတယ်ဆိုမှကွာ"
"ဘာလို့နာတာလည်း ကျုပ်အကိုက်အခဲပျောက်ဆေးသွားယူပေးရမလား"
"ရတယ် ရတယ် မင်းလည်းလုပ်စရာရှိတာသွားလုပ်တော့လေ ဆိုင်ကိုလည်းဂရုစိုက်အုန်း ငါတစ်ပတ်လောက်နေမှအဲ့ကိုပြန်လာခဲ့မယ် ခုအဘအိမ်မှာခဏနေလိုက်အုန်းမယ်"
"အိမ်မှာက ဆရာလေးတို့သားဖပဲကျန်ခဲ့မှာပေါ့ဗျာ"
"ကျန် ကျန်ကွာ"
"ဟုတ် အဲ့တာဆိုကျုပ်ပြန်အုန်းမယ်"
"အေး စာလည်းကျက်အုန်းဟျောင့် စာမေးပွဲကြလို့ကတော့ မင်းကိုအိမ်ကနွားညိုကြီးနဲ့အတူတူထားမှာ"
"သိပါတယ်ဗျာ"
စောလွန်းပြန်သွားမှ သန်းခေါင်လည်း မိမိအခန်းထဲက အိမ်ပြောင်းတုန်းကမယူဘဲထားထားခဲ့တဲ့ အင်္ကျီနဲ့ပုဆိုးကိုလဲဝတ်လိုက်ပြီး အဘကိုအသိပေးကာ ဟိုသတောင်းစားသူကြီးအိမ်ကိုထွက်လာခဲ့လိုက်၏
'
'
'
"ဟေ့ကောင် သူကြီးစုတ်သူကြီးနာ ဗိုင်းတာကောင်"
"ခြံဝကအော်မနေနဲ့ မင်းမေလင်ကအိမ်ထဲမှာ ဝင်ခဲ့"
"အေး"
"မင်းမလဲ ငါ့ကိုသူကြီးဆိုတာသတိရအုန်း တော်သေးတာပေါ့ရွာထဲကရပ်မိရပ်ဖတွေမလာသေးလို့"
သန်းခေါင်လည်း အမောပြေရေနွေးကြမ်းသောက်ရင်း လက်ဖက်သုပ်စားကာပြန်ဖြေလိုက်၏
"ငါသိတယ် လျှာမရှည်နဲ့ လူကညစ်နေတာနော်"
"မင်းညစ်ပတ်နေရင် ရေချိုးလေကွာ ဘာလဲငါကချိုးပေးရမှာလား နေနေ မင်းလင်မင်းချိုးခိုင်း တော်ကြာသူ့လင်ကိုထိလို့ဆိုပြီး မင်းလင်ကျောင်းဆရာက ကြိမ်လုံးနဲ့သမ မှဖြင့် ငါဆရာလေးနဲ့ဘာမှမဘာလိုက်ရဘဲနေအုန်းမယ်"
YOU ARE READING
မတည့်အတူနေ(U&Z)
Fanfictionမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...
