မိုးသောက်တို့လည်းပြန်အဆင်ပြေသွားသလို စည်တော်တို့အတွဲကလည်း မိဘတွေရဲ့သဘောတူညီမှုနှင့်မြို့မှာပင် လက်ထပ်လိုက်ကြသည်တဲ့။ စည်တော်တို့မြို့ကပြန်လာတော့ စည်တော့်ညီတစ်ဝမ်းကွဲပါလာ၏။ နာမည်ကပူပူလောင်လောင်ပါပဲ သောကမီးတဲ့။ မိုးသောက်တော့သူ့ကိုသိပ်ကြည့်လို့မရပေ။ ပြောပုံဆိုပုံကဒေါက်မကျိုးဘူး။ သူဌေးသားလူဘော်ကျော့။
"အလင်းရေ ကျောင်းသွားကြမယ်လေ ဒီနေ့ကလေးတွေကိုစာစစ်ရမှာနော် နောက်ကျနေမယ်"
"အေးပါဟ ခေါင် မောင်သွားတော့မယ်နော် အိမ်မလုပ်တွေဘာမှလျှောက်မလုပ်ထားနဲ့နော် အကုန်မောင်ပြန်လာမှလုပ်မယ် ညနေနည်းနည်းနောက်ကျမယ်နော် ဝင်စရာရှိလို့ ဒါနဲ့ခေါင့်ဗိုက်က၇လပြည့်ဖို့မလိုတော့ဘူးနော်"
"အင်း မင်းဘာလုပ်ဖို့လည်း ဒါကြီးပဲမေးနေတာ3ရက်ရှိပြီ"
"ကယ် ပါးပါးတို့ရယ် ခုမှချစ်စခင်စကြင်နာစကိုရန်ဖြစ်ပါနဲ့"
"ဟုတ်တယ်လေခေါင်ရယိ ယံလင်းပြောသလိုပဲ ဂရုစိုက်အုန်းနော် မောင်တို့သွားတော့မယ်"
"မင်းတို့လည်းဂရုစိုက် ပြီးရင်ဟိုအပူသည်ကောင်နဲ့လည်းမတွေ့အောင်ရှောင် အဲ့ကောင်ကမင်းကို မြူစွမ်တိုက်နေတာ"
"ဘယ်ကသာ အဲ့ကောင်က ခေါင့်ကိုကြူနေတာ"
"မင်းကိုကြိုက်နေတာ"
"ခေါင့်ကိုကြံနေတာ"
"မင်းကို ကြာပစ်နေတာ"
"ခေါင့်ကို လင်တရူးနေတာ"
"အမလေးတော်ပါတော့ဟယ် ဟိုတစ်ယောက်လည်းရစရာမရှိဖြစ်တော့မယ်"
"နောက်မှရှင်းတော့မယ် ခုသွားပြီ"
"အေး"
မိုးသောက်တို့သွားတာနဲ့ သန်းခေါင်လည်း စာအုပ်လေးဖတ်နေလိုက်၏။
"ကိုကိုရေ!"
ဒီအသံက ဟိုအပူသည့်အသံ စောစောစီးစီးဘာလာလုပ်ပြန်ပီလညမသိဘူး။ ဒါပေမယ့်လည်းသူငယ်ချင်းအရင်းကြီးရဲ့ယောက်ဖဖြစ်တာကြောင့် မချစ်သော်လည်းအောက်ခါ့နမလိုက်၏

YOU ARE READING
မတည့်အတူနေ(U&Z)
Fanfictionမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...