တိတ်ဆိတ်သာယာလှတဲ့ အေးချမ်းသာယာရွာလေးမှာ မတိတ်ဆိတ်မသာယာနိုင်တာကတော့
"ဟဲ့ မိုးသောက်လင်း သေရာကမထသေးဘူးလား ဘယ်ချိန်ရှိနေပြီလဲ ဟမ် နေကွဖင့်ဖင်ကိုထိုးလို့ခေါင်းကိုပေါက်ထွက်တော့မယ် နင့်အမတောင်ကျောင်းကိုရောက်လို့စာသင်နေလောက်ပြီ နင်ကခုထိအိပ်ယာကမထသေးဘူးလား င့ါမှာတော့လျှော်ရဖွတ်ရ ချက်ရပြုတ်ရနဲ့ ဒင်းကအိပ်ကောင်းတုန်း ဟဲ့မိုးသောက်လင်း"
"အမေကလည်းဗျာ စောစောစီးစီးအော်ွကီးဟစ်ကျယ်နဲ့ လွူကားလို့လည်းမကောင်းပါဘူးဗျာ"
"ငါကလေချိုသွေးနှိုးတော့ရော နင်ကသေရာကထလို့လား"
"ထပြီအမေရေ ထပြီလို့"
"မြန်မြန်ထ ပြီးရင်အိမ်နောက်ဖေးကကျောက်စည်တွေအကုန် ရေလိုက်ွဖည့်ွကားလား"
"ဟုတ်ဟုတ်"
လင်းလည်းအမေ့ကို စကားပြန်လိုက်ရင်း မျက်နှာသစ်ဖို့အောက်ဆင်းလာခဲ့လိုက်၏ အောက်ကိုရောက်တော့ ဟိုဘက်ွခံကိုလှမ်ွးကည့်လိုက်၏ အမယ် ဒင်းကအင်ကျီကျွတ်နဲ့ ဘယ်သူ့ကိုဗလတွေပြနေလဲမသိ သူ့မှာကျအတုန်းနဲ့အတစ်နဲ့ ငါ့ကျဗိုက်ခေါက်ပဲရှိတယ် မတရားလိုက်တာ
"ဪ တစ်ချို့နတ်သူငယ်တွေတော့ နတ်သဘင်အစည်းအဝေးနောက်ကျကုန်ပြီ"
"မင်းနဲ့ဆိုင်လား အမှောင်ကောင်ရဲ့"
"ငါကရောမင်းကိုပြောနေလို့လား"
"ငါလာမှမင်းပြောတာလေ ငါ့ကိုမပြောလို့မင်းကဘယ်ပထွေးကိုပြောတာတုန်း"
"ဒီမှာဂျပု"
"ဘာလဲဟျောင့် ငါ့ကိုဂျပုလို့မခေါ်နဲ့ မင်းသာအရှည်လွန်နေတာ"
"ငါရှည်တာမင်းဘယ်လိုသိလည်း"
"မ မင်း မရိုင်းနဲ့နော် င ငါကအရပ်ကိုပြောတာ"
"ငါလည်းအရပ်ကိုပြောတာပါကွာ မင်းသာလျှောက်တွေးနေတာ"
တွေ့လား တွေ့လား အဲ့လိုအနောက်မလွတ်အသွားမလွတ်တွေပြောလို့ကို အမှောင်ကောင်လို့ခေါ်တာ တွေ့မယ် မိုးသောက်လင်းဘာကောင်လည်းသိစေရမယ်
YOU ARE READING
မတည့်အတူနေ(U&Z)
Fanficမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...
