(19)

199 9 0
                                    

မိုးသောက်တို့ဈေးမှာလိုတာတွေဝယ်ပြီး လျှောက်ပတ်ကြည့်နေစဉ် မတွေ့ရတာကြာပြီဖြစ်တဲ့အမျိုးသမီးနှစ်ဦးအားတွေ့မြင်လိုက်ရ၏

"မမ"

"ဘယ်မှာလည်း မင်းအမ"

မိုးသောက်အသံကြားတော့ သန်းခေါင်ကလည်းမေးလာ၏။

"ဟိုမှာ လာခေါင် မောင်တို့လိုက်သွားကြရအောင်"

"အွန်း"

သန်းခေါင်လည်း မိုးသောက်ဆွဲခေါ်ကာနောက်လိုက်ပါသွား၏။ ပျောက်သောသူကြာရင်တွေ့ဆိုတာ ဒါမျိုးနေမှာ။

"မမ!!"

"ဟင် အငယ်လေး"

"မမရယ် ဘယ်လိုတွေတောင်ဖြစ်သွားရတာလည်း"

အရင်ကကျောင်းဆရာမအဖြစ်နဲ့ကျော့မော့စွာနေခဲ့ရတုန်းနှင့်မတူ ပိန်လိမ်ကာ ဆံပင်အရှည်ကြီးအစား ဂုတ်ဝဲကေလေးနဲ့မမ။ ပီတိချိုကတော့ ဂျိုင်းထောက်ကြီးနဲ့ပေ။ နှစ်ယောက်လုံးကအရင်ကထပ်ပိန်ပါးနေကာ မျက်တွင်းတွေဟာလည်းမဲနက်နေ၏။

"ဒီလိုပါဘဲ အငယ်ရယ် မိန်းမသားနှစ်ယောက်တည်းရပ်တည်နေရတာလေ ဒီကြားထဲချာတိတ်ကပါ မတော်တဆခြေထောက်ထိခိုက်သွားတယ်လေ"

"အိမ်ပြန်လိုက်ခဲ့ပါလားဟာ"

"အမေရောနေကောင်းလား"

"ကောင်းတယ် နင့်ကိုလည်းအမေကခွင့်လွှတ်တယ် အိမ်သာပြန်လိုက်ခဲ့ နင်တို့ဒီမှာလည်းအဆင်ပြေတာမှမဟုတ်တာဟာ"

"အင်းပါ နင်တို့ခုဘာလာလုပ်တာလည်း"

"ရွာဘုရားပွဲတွက် လိုအပ်တာတွေလာဝယ်တာ ဒါနဲ့ငါရွာကျောင်းမှာ ကျောင်းဆရာလုပ်နေပြီဟ"

"ငါ့မောင်လေးတောင်ရင့်ကျက်နေပြီပဲ ချာတိတ်ကိုလည်း မမပြည့်စုံအောင်ထားနိုင်ဖို့ကြိုးစားရအုန်းမယ်"

"မလိုပါဘူး မရယ် မရှိနေရင် နန်းဘဝပြည့်စုံနေပါပြီ"

"မိနန်းခြေထောက်ကဘာဖြစ်တာလည်း"

တစ်လျှောက်လုံးညိမ်နေတဲ့ သန်းခေါင်ကနန်းပီတိချိုကိုကြည့်ကာ မေးလိုက်၏

"ကားတိုက်ခံရတာ မှိုင်း"

"ဒီအတောတွင်းဘယ်လိုနေကြလည်း"

မတည့်အတူနေ(U&Z)Where stories live. Discover now