(5)

311 15 1
                                    

စည်တော်တို့လှည်းကို15မိနစ်ခန့်စီးလို့အပြီးမှာတော့ ဒဿရွာမှကြိုဆိုပါ၏ ဆိုတဲ့ဆိုင်းဘုတ်ကြီးကိုတွေ့ရ၏ ထို့နောက်လှည်းကသူကြီးအိမ်ဖြစ်ပုံရတဲ့အိမ်ရှေ့မှာရပ်လိုက်၏

"ဆရာလေးတို့ ဒါသူကြီးအိမ်ပဲ"

"ဟုတ်ကဲ့"

သန်းခေါင်လည်း ဉာဏ်ဖြိုးကိုအော်ခေါ်ရတော့၏ ။သကောင့်သားက ဧည့်သည်တွေလာမှာ သိရက်နဲ့ထွက်စောင့်မနေဘူး

"သူကြီးရေ ဟျောင့်သူကြီး သာထက်ဉာဏ်ဖြိုး ဟေ့ကောင်"

စည်တော့်စိတ်ထဲတွင်သူကြီးကိုအသက်ကြီးကြီးလူလို့ထင်တာကြောင့် 'ဒီလူအတော်ရိုင်းတာပဲ အဖေအရွယ်လောက်ရှိတဲ့သူကြီးကို ဟျောင့်လို့ခေါ်တယ် နာမည်တောင်တပ်ခေါ်လိုက်သေးတယ် ဒါမှမဟုတ်ဒီရွာမှာအဲ့လိုပဲပြောကြဆိုကြတာလား'

သူတွေးနေစဉ်မှာ အသက်ခပ်လတ်လတ်အရွယ်ရှိတဲ့လူတစ်ယောက်က သူကြီးအိမ်ပေါ်ကဆင်းလာ၏

"ရောက်လာကြပြီလား ခဏထိုင်ကြအုန်း ကျုပ်ရေနွေးအိုးယူပေးပါ့မယ်"

"ဆရာလေးတို့ ဒါကဒီရွာရဲ့အုပ်ချုပ်သူ သူကြီးသာထက်ဉာဏ်ဖြိုးတဲ့"

မဟော်ရဲ့အပြောကိုဆရာလေးက အံ့ဩသွားဟန် မျက်လုံးလေးအပြူးသားနဲ့ပင်။

"တွေ့ရတာဝမ်းသာပါတယ် ကျုပ်ကဒီရွာသူကြီးပါ ပြောတော့ဖြင့်မြို့ကဆရာတစ်ယောက် ဆရာမတစ်ယောက်လာမယ်ဆို ခုတော့ဖြင့်ဆရာမလေးနှစ်ယောက်ထဲပါလား"

ဉာဏ်ဖြိုးအထိုးခံ‌ရတော့မယ့်ကိန်းမြင်နေတဲ့ မဟော်နဲ့ သန်းခေါင်ဟာ သူကြီးဉာဏ်ဖြိုးနားကပ်ကာ နှစ်ကိုယ်ကြား ကြားရုံမျှလေသံဖြင့်

"မင်းဘေးနားမှာထိုင်နေတာ ဆရာလေးကွ"

"တကယ်"

"မယုံရင် အဲ့ဆရာလေးကိုမိန်းခလေးနဲ့တူတယ်လို့ပြောလိုက် ငါတောင်အထိုးခံထားရတာကွ"

"ဒီမှာ ကျွန်တော်ကရန်ကုန်ကပြောင်းလာတဲ့ အလယ်တန်းပြဆရာ စည်တော်သံပါ"

"ဟု ဟုတ်ကဲ့ မထင်ရဘူးနော်"

"ဘာ"

"ဪ ဆရာလေးကနုတော့ ကျောင်းဆရာလို့မထင်ရဘူးလို့"

မတည့်အတူနေ(U&Z)Where stories live. Discover now