(2)

7.1K 181 5
                                        

🎶ကမ္ဘာလောကကြီး ခဏရပ်တံ့သွားသလိုပဲ ငါထင်တယ် မင်းနဲ့ဆုံတိုင်းလေ အကြည့်တွေရင်ဖို လှိုက်မောလို့လေ🎶

"လင်း!"

"ကြောက်ပါပြီ အမေရဲ့ အမေ့ငါးကြော်တွေနောက်မခိုးစားတော့ပါဘူး"

"ငါဟဲ့ငါ နန်းပီတိချို"

"မိနန်းရယ် ဖြည်းဖြည်းသက်သာခေါ်စမ်းပါ မိန်းခလေးသာပြောတယ် နုနုရွရွကိုမရှိဘူး"

"ဘယ်လိုနုရွပေးရမလဲ ပြောလိုက် ကြံသကာခဲပေါ် ပျားရည်စမ်းပြီး သကြားဖြူးတဲ့အသံလေးနဲ့ပြောပေးရမလား ခြေတစ်လှမ်းကိုကုဋေတန်အောင် လျှောက်ပြရမလား မနေချင်လို့ကိုမနေတာ ချစ်တဲ့သူကတော့ငါဘယ်လိုနေနေချစ်ပေးမှာပဲ"

"ပြောမိတဲ့ငါအမှားပါဟာ မပြောတော့ပါဘူး"

"နင်အခုဘာလာလုပ်တာလည်း"

"ဟိုက် သွားပြီ ငါငရုတ်သီးအကြမ်းဖက်လာဝယ်တာ အမေ့ဟင်းအိုးတော့တူးပြီလားမသိဘူး သွားပြီဟေ့"

လုံးတုံးလုံးတုံးနဲ့ပြေးထွက်သွားတဲ့လင်းက သူ့ကိုသူ16နှစ်သားလေးမှတ်နေလားမသိဘူး။ အသက်ကဖြင့်26နှစ်ရှိနေပြီ ခုထိအရီးခင်ရဲ့ကြိမ်လုံးစာမိနေတုန်း။ ရွာက10နှစ်အရွယ် ဖိုးသာထူးတို့ ခဲလုံးတို့ ကွာစိတို့ဆော့တုန်း။ ဘယ်တော့များမှရင့်ကျက်မလဲမသိဘူး။ ရွာကျောင်းမှာဆရာမရှိလို့ဝင်လုပ်ပါဆိုတော့ ကျွန်တော့ကို ကလေးတွေကရိုသေမှာမဟုတ်ဘူးတဲ့။ ဘယ်ရိုသေမလဲရွာရိုးကိုးပေါက် ကလေးတွေနဲ့လျှောက်ဆော့နေတာကို။ နန်းရဲ့မမ မသော်တာလင်းဆိုရင် ကျောင်းဆရာမလေးဘယ်လောက်အိ‌န္ဒြေရှိလိုက်လဲ။

~~~~~~~~

လင်းအိမ်ကိုသုတ်ခြေတင်ပြေးရ၏။ အမေ့လက်ဆကိုသိတယ်။ တစ်ခါရိုက်ခံရရင် သုံးရက်လောက်ဖျားသွားနိုင်ချေရှိ၏။ လင်းအိမ်ကိုရောက်တော့ အမေကလည်းစောင့်နေရှာပါတယ်။ တံမြက်စည်းလေးလက်ကကိုင်ပြီး

"မိုးသောက်လင်း!!"

"ဂျာ အမေ"

"ခုမှလာပြီး ဂျာတွေဂျက်တွေမလုပ်နဲ့ ငါနင့်ကိုဘာမှာလိုက်လဲဟမ် သေဖို့သာ‌ပြင်ထား"

မတည့်အတူနေ(U&Z)Where stories live. Discover now