မဟော်တို့လည်း သန်းခေါင့်အော်သံကြားလို့ ပြေးလာကြည့်ရာ သွေးတွေရွှဲနေတဲ့ သောကမီးကိုပွေ့ပြီးငိုနေတဲ့ သန်းခေါင်ကြောင့် သာထက်နဲ့မဟော်ပြာပြာသလဲနဲပြေးသွားရ၏။
"ဟျောင့် ဘယ်လိုဖြစ်ကြတာတုန်းကွ"
"ငါ့ကိုနောက်မှမေး ဒီကောင်လေးကိုအရင်ဆေးရုံပို့ဖို့လုပ်ကြပါအုန်း အီးဟီး သွေးတွေအများကြီးပဲ ငါ့ကြောင့် ငါသာထန်းရည်ဆိုင်ဘက်ကိုမလာခဲ့ရင်ဒီလိုတွေ ဖြစ်မှာမဟုတ်ဘူး"
"မဟော် မင်းကရွာထဲကိုသွား ဆရာမိုးသောက်ကိုေဆးေပးခန်းကိုလွှတ်လိုက် ပြီးရင်မင်းနဲ့ ရွာသား3,4ယောက်လောက်က ဇေကြီးတို့ကိုသွားရှာပြီးခေါ်လာခဲ့ ငါ့ယောက်ဖကို ငါဆေးပေးခန်းခေါ်သွားလိုက်မယ်"
"အေး"
မဟော်ကရွာထဲကိုပြေးဝင်သွား၏။ သာထက်ကသောကမီးကိုပွေ့ချီကာ ဆေးပေးခန်းကိုအပြေးအလွှားခေါ်သွားတော့၏။ သောကရဲ့ခန္ဓာကိုယ်အချိုးစားကစည်တော့်ထက်ပင် ညှက်သေးတာကြောင့် သာထက်အတွက်ကအသာအယာပင်။
-
-
-
"ဆရာလေးမိုးသောက်ရေ ဆရာလေး!!!"
"ကိုမင်းမဟော် ဘာဖြစ်လာတာတုန်းဗျ"
"ကျုပ်ကိုနောက်မှမေး ခုဆေးပေးခန်းကိုအရင်သွား ကျုပ်ရွာသားသုံးလေးယောက်လောက်သွားခေါ်ရအုန်းမယ်"
"ကိုမင်း ဘာဖြစ်လာတာလည်း အရေးကြီးသုတ်ပြာနဲ့"
"ကိုယ်လည်းမသိသေးဘူး ဆရာမိုးသောက်နဲ့မြတ်လေးအားရင်လိုက်သွားပေးလိုက်ပါ"
"ဘာလို့တုန်းကိုမင်းရဲ့"
"ကိုယ်လည်းသေလးချာမသိသေးဘူး နောက်မှမေး အဲ့မှာသူကြီးကောင်ရော သန်းခေါင်ရောရှိတယ် စည်တော့်ကိုပါခေါ်သွားလိုက်"
"ခေါင် ခေါင်ဘာများဖြစ်လို့လည်း"
"ဟဲ့ အလင်း ငါတို့ကိုလည်းစောင့်အုန်းလေ"
သန်းခေါင်လို့ကြားတာနဲ့ မိုးသောက်လင်စတို့ပြေးသွားလိုက်တာ ဖိနပ်တောင်ဘယ်တစ်ဖက်ညာတစ်ဖက်ကျွတ်ကြခဲ့၏။
~~~~
"ကိုကျော်စိုးရေ ကိုကျော်စိုး"
"သူကြီးဘာဖြစ်တာတုန်း"
YOU ARE READING
မတည့်အတူနေ(U&Z)
Fiksi Penggemarမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...
