extra =1(U&Z)

122 8 0
                                    

ရွာထဲက အကြော်သည်အိမ်ရှေ့၌ တုတ်ဆွဲကာစောင့်နေကြတဲ့လူတစ်စု။ ထိုသူများကတော့တစ်ခြားမဟုတ်။ သန်းခေါင်ယံလင်း၊ဒီညလင်း၊ဒီနေ့မှိုင်း၊မှိုင်းတူမဏိလင်း၊မှိုင်းဋီကာလင်း၊ မှိုင်းကြည်သာလင်းတို့ဖြစ်ကြ၏။

"ဒေါ်ဘုတ်ဆုံ ရှင်ကျုပ်အဖေဆီက ပိုက်ဆံကိုယူတုန်းကယူပြီး ခုဆက်ခါနီးကျမှ ဟိုပုန်းဒီပုန်းတွေလုပ်‌မနေနဲ့ ရှင်ထွက်မလာမလာခြင်း ကျုပ်တို့မောင်နှမတွေ ရှင့်အိမ်ရှေ့ကတစ်ဖဝါးမှမကွာဘူး!!"

မဏိရဲ့စကားသံကြောင့် အကိုသုံးယောက်နှင့် မောင်နှစ်ယောက်၏ မျက်နှာမှာပြိုတော့မည့်မိုးလိုအုပ်မှိုင်းသွား၏။ သန်းခေါင်ယံလင်းနဲ့ ဒီညက မြို့ကိုတက်ကမှာမို့အူမြူးနေပေမယိ့ ချစ်လှစွာသော ညီမငယ်ရဲ့စကားကြောင့် မျောက်ကြီးချီးနင်သလိုပင်ဖြစ်သွားရ၏။

"မဏိ နေပူတယ်လေဟာ ညနေကျမှတစ်ခေါက်ပြန်လာကြမယ်လေ" ည

"ကိုညဘာသိလို့လည်း မဏိတို့ပြန်သွားတဲ့အချိန်သူကထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ" မဏိ

"ငွေ50000လောက်နဲ့ ဘယ်သူမှထွက်မပြေးလောက်ပါဘူးဟာ" ယံ

"ကိုကြီးယံလင်းကအတပ်ပြောနိုင်လို့လား ကိုကြီးတို့ပြန်ချင်ပြန် မဏိကတော့စောင့်အုန်းမှာ သူ့ဆီကအကြွေးမရရအောင်ကိုတောင်းမှာ"

ဒီလိုကျတော့လည်း မိန်းခလေးတစ်ယောက်ထဲထားခဲ့ဖို့မဖြစ်နိုင်ပြန်။ မိမဏိတို့ကတော့ လုပ်လိုက်ရင် တစ်ဇွတ်ထိုးတစ်စောက်ကန်းကြီးပဲ။ ဖေမှိုင်းသွေးအပြည့်ပါတာ

"မမရယ် ပြန်ကြရအောင်နော် ကျုပ်ညောင်းနေပြီဗျ" ဋီ

"ဟုတ်တယ်မမရဲ့ ကျုပ်လည်းဗိုက်ဆာနေပြီ ကိုကြီးယံလင်းနဲ့ ကိုကြီးညတို့ကလည်းခဏနေမြို့တက်ပြီးမျိုးစေ့တွေသွားဝယ်ရအုန်းမှာ ကျုပ်လည်းဟိုဘက်ရွာမှာ ကြက်သွားတိုက်ရအုန်းမှာ ဟိုသတောင်းစားတွေနဲ့ချိန်းထားလို့" ကြည်

အငယ်ဆုံးကကြည်သာက ကြက်သမား၊ဖဲသမား၊ ထန်းရည်သမားပင်။ ဖေလင်းနဲ့ဖေမှိုင်းတို့ စွန့်လွှတ်လိုက်တဲ့ ဘုရားမကြိုက်တဲ့အလုပ်မှန်သမျှဒင်းကအကုန်လုပ်၏။ အသက်ကသာ19နှစ် နှာခေါင်းက91

မတည့်အတူနေ(U&Z)Where stories live. Discover now