မှ်ိုင်းရဲ့ယောင်ပုံယောင်နည်းကြောင့် မိုးသောက်လင်းမှာအသဲတွေယားကာ မှိုင်းရဲ့ပါးကိုဖွဖွလေးကိုက်ကာ
"ခင်ဗျားမွေးနိုင်လည်း မောင်ကမလုပ်ရက်ဘူးရယ် ခင်ဗျားသာတစ်ခုခုဖြစ်ရင် မောင်တော့ ခြေဖနောင့်နဲ့မျက်ရည်သုတ်ရချည်ရဲ့"
သတောင်းစားကတော့ စကားပုံတွေကိုသိရောသိရဲ့လားမသိဘူး စောက်တလွဲတွေပြောနေတာ အသံမပေးဘာမပေးနဲ့ လူကိုလာဖက်တာလန့်ဖြန့်သွားတာပဲ
"မင်းဘာလာလုပ်တာလည်း ထွက်သွားစမ်းကွာ"
"မောင်ကခင်ဗျားကိုလာချော့တာ"
"မလိုပါဘူး ထွက်သွားစမ်း ငါမင်းမျက်နှာကိုမမြင်ချင်ဘူး သတောင်းစားရယ်"
"ခင်ဗျားနော် မောင်ကတွေ့ချင်လွန်းလို့ ညနေ6နာရီထဲက ခင်ဗျအခန်းပြတင်းပေါက်ဘေးက မန်ကျည်းပင်ပေါ်မှာထိုင်စောင့်နေတာ"
ညနေ6နာရီထဲက ခုပဲ8နာရီထိုးတော့မယ် ခြင်တွေကကိုက်ကကိုက်နဲ့ မတော်လို့ပြုတ်ကျသွားရင်ဖြင့် ကျိုးကန်းကုန်တော့မှာပဲ။ စိတ်ပူနေပေမယ့် အပြင်မှာတော့ရုပ်တည်နဲ့မုန့်တီသောက်နေရ၏
"မန်ကျည်းပင်ပေါ်တက်တာလေ ဇီးပင်ပေါ်တက်တာမှမဟုတ်တာ ညနေ6နာရီလေ မနက်6နာရီမှမဟုတ်တာ ခုမှ8နာရီထိုးတာလေ အချိန်2နာရီဆိုတာဖင်လှည့်ခေါင်းလှည့်နဲ့ကုန်သွားတာ ဘာမှမကြာဘူး ခြင်ကိုက်တယ် ခြင်ကိုက်ရင်ပြန်ကိုက်ပေါ့ကွာ ခုမင်းပြန်တော့"
မိုးသောက်လင်းတစ်ယောက်ကိုယ့်အစီစဉ်နဲ့ကိုယ်ဆိုပေမယ့်လည်း အတင်းမောင်းထုတ်နေသူစိတ်ကြေနပ်အောင် ဟန်ပြသွားတော့မယ့်ဟန်ပြင်ကာ တံခါးကိုဖွင့်လိုက်၏။ သို့သော်တံခါးကပွင့်မလာ။ ဒါသူတို့အကြံပဲလေ သို့သော်လည်း မှိုင်းဘက်လှည့်ကာ
"ခင်ဗျားရေ တံခါးကဖွင့်မရဘူး လုပ်ပါအုန်း"
မှိုင်းလည်းမသိချင်ယောင်ဆောင်ကာ
"အဲ့တံခါးကထွက်မရရင် မင်းလာရယလမ်းအတိုင်းပြန်ပေါ့ကွ"
ပြတင်းပေါက်ကပြန်ဆင်းခိုင်းနေသူကြောင့် အနည်းငယ်တော့လန့်သွား၏။ သို့သော်မမှုပါ အကြင်နာမကိုယုံသည်လေ သေချာလုပ်ထားမယ်လို့လည်းထင်တယ်။ ဒါကြောင့် ပြတင်းပေါက်တံခါးကိုဆွဲဖွင့်သော်လည်း ပွင့်မလာ။ အကြင်နာမကအားကိုးထိုက်ပါပေတယ်
![](https://img.wattpad.com/cover/373026090-288-k918754.jpg)
YOU ARE READING
မတည့်အတူနေ(U&Z)
Fanfictionမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...