"ရုပ်ကိုကနှာဘူးရုပ်နဲ့" ကြည်
"ရှေ့ကရေအိုင်ကိုကြည့်ပြီး ကိုယ့်ကိုကိုယ်ပြန်ပြောနေတာလားကြည်သာလင်း" မဏိ
"မမနော် သားကိုယ်သားကြည့်ပြီးပြောစရာလား ခုနကလူကြီးကိုပြောတာ" ကြည်
"နင်ပဲနှာဘူးဆို" မဏိ
"ဒီမောင်နှမတွေဘာဖြစ်လာကြပြန်တာတုန်း"
ဖေလင်းက သူတို့တွေကိုအိမ်ပေါ်ကနေလှမ်းမေး၏။ အသက်51နှစ်ဆိုပေမယ့်လည်း သန်တုန်းမြန်တုန်းနုတုန်းပင်။
"အကြွေးသွားတောင်းတာရခဲ့ကြလား"
ဖေမှိုင်းကမေးလာ၏
"မရပါဘူး မဏိတောင်းနေတာကို ကိုယံတို့ပေါ့အတင်းပြန်မယ်ဆိုပြီးဆွဲခေါ်နေလို့ ပြန်ပါလာတာ"
"ဖေမှိုင်းရယ် ယံတို့လည်း သွားစရာလုပ်စရာတွေရှိသေးလို့ သူ့ကိုပြန်ခေါ်လာတာပါဗျာ" ယံ
"ဟုတ်တယ် နေ့နဲ့ကိုယံ မြို့ကိုသွားရမှာဆို ဖေကြီးစာရင်းရေးရအုန်းမှာလား ဝယ်မယ့်ဟာတွေ" နေ့
"ဖေကြီးရေးပြီးသွားပြီကွ မင်းတို့ဖေလေးဆီကပိုက်ဆံယူပြီးရင် မြို့တက်ပြီးသွားဝယ်ကြတော့"
"ဖေကြီးသားကိုမုန့်ဖိုးပေး" နေ့
"ဖေကြီးဆီမှာပိုက်ဆံမရှိဘူး ရသမျှပိုက်ဆံမင်းတို့ဖေလေးဆီမှာအကုန်အပ်ကတာသိရဲ့သားနဲ့ မင်းတို့ဖေလေးဆီတောင်း"
အမှန်လည်း မိုးသောက်မှာတစ်ပြားမှမရှိ။ လယ်ကရသမျှပိုက်ဆံတွေအကုန် ပြန်အပ်ရတာပင်။ ရွာထဲကသုံးနှစ်သားတောင် မိုးသောက်ထပ်ချမ်းသာပါသေး၏။ ဘုရားစူးမိုးကြိုးပစ် ခေါင့်အချစ်တွေထပ်တိုးပါစေရဲ့ တစ်ရာတောင်မရှိပါဘူး။ ဖွက်လည်းမဖွက်ထားရဲ့ဘူး။ ကိုသန်းခေါင်မှိုင်းတို့လက်ဆက အတော်ပြင်းတာ။ မိုးသော်ကအမေရဲ့ စွမ်းအားတွေ ခေါင့်ဆီရောက်ကုန်တာ ငါထုလိုက်မှာနော်ဆို ထုပြီးပြီ။ ပြီးရင်သူကဦးအောင်စိတ်ကောက်၏။ စိတ်တစ်ခါကောက်ရင်လည်း တစ်လကိုးသတင်းလောက်ကြာသွားတတ်၏
"မင်းဘာတွေလာတောင်းခိုင်းနေတာလည်း မပေးဘူးနော် လုံးဝမပေးဘူး"
![](https://img.wattpad.com/cover/373026090-288-k918754.jpg)
YOU ARE READING
မတည့်အတူနေ(U&Z)
Fanfictionမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...