အမေတို့ကသန်းခေါင့်နားမှာအုံနေတော့ မိုးသောက်ကအပြင်ရောက်နေ၏။
"မောင်ရင်ကလူနာရဲ့အမျိုးသားထင်တယ်"
"ဟုတ်ပါတယ်ဗျ"
"လူနာကမောင်ရင့်ကိုအတော်ချစ်ပုံရတယ် မွေးလာတဲ့ကလေးသုံးယောက်လုံးက မောင်ရင့်မျက်နှာပေါက်တွေကြီးပဲ"
ဆရာ့ရဲ့အပြောကြောင့် မိုးသောက်အတော်လေးကိုကြေနပ်ပီတိဖြစ်ရ၏။ ခေါင်ကသူ့ကိုသိပ်ချစ်တာပဲကို
"ဟုတ်ကဲ့ ဆရာ"
"ဦးလေးပြောစရာစကားနည်းနည်းရှိလို့ပါ မောင်ရင့်အမျိုးသားမွေးတဲ့သုံးယောက်ထဲမှာ အငယ်လေးက ကျားအင်္ဂါရော မအင်္ဂါရော ပါနေတယ် မောင်ရင် ကျားမ မကွဲခြားဘူး ဦးလေးရဲ့ဆရာဝန်သက်တမ်းတစ်လျှောက်မှာဒါမျိုးတစ်ခါမှမတွေ့ခဲ့ဖူးဘူး"
"ဗျာ အဲ့ဒါစိုးရိမ်ရလားဆရာ ကျွန်တော့်ကလေးအတွက် အန္တရာယ်ရှိတာလား"
"အဲ့လိုမျိုးတော့စိုးရိမ်စရာမဟုတ်ပါဘူးကွာ ဒါပေမယ့်မောင်ရင်တို့နေထိုင်တဲ့ရွာဘက်က လူတွေကကလေးရဲ့ဖြစ်တည်မှုကိုသိရှိသွားခဲ့ရင် တစ်မျိုးတွေထင်ပြီး ကလေးအတွက်ရိုက်ခတ်မှုတွေရှိလာနိုင်လို့ပါ မောင်ရင်တို့ရဲ့အငယ်ဆုံးလေးကို မိန်းကလေးတစ်ယောက်အနေနဲ့ပဲကြီးပြင်းခိုင်းတာပိုကောင်းမယ်လို့ ဦးလေးထင်တယ် ကလေးကယောကျာ်းလေးဆိုပေမယ့် မ ဟော်မုန်းပိုများနေတာမို့ မိန်းကလေးတွေရဲ့တစ်လတစ်ခါပုံမှန်ဖြစ်နေကြ ဓမ္မတာလည်းလာနိုင်တယ်"
"ဟုတ်ကဲ့ ဆရာပြောသလိုမျိုးပဲ ကျွန်တော်စီစဉ်လိုက်ပါ့မယ်"
"ဒါဆိုဦးလေးကိုသွားခွင့်ပြုပါအုန်း"
"ဟုတ်"
မိုးသောက်ကလေးအတွက်စိုးရိမ်စရာမရှိဘူးဆိုမှ စိတ်အေးရတော့၏။ ကျန်တာအရေးမကြီး။ ကျားဖြစ်ဖြစ်မဖြစ်ဖြစ် ကျားမ မသဲကွဲရင်တောင် သူကကိုယ့်ရင်သွေး ကိုယ့်သွေးသားလေး ဖြစ်တည်လာခဲ့ပြီဆိုရင် ကလေးရဲ့ကိစ္စအဝဝကို ဂရုတစိုက် ပြုလုပ်ပေးရမှာ မိုးသောက်တို့တာဝန်။
"လုံးဝမကျေနပ်ဘူး အီးးးဟီးးးးး"
အခန်းထဲဝင်လိုက်တာနဲ့ အချစ်ရဲ့မကျေမနပ်ငိုသံကိုအရင်ကြားရ၏
YOU ARE READING
မတည့်အတူနေ(U&Z)
Fanficမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...