"သူကြီး ဘယ်သွားမို့လည်းဟင်"
"ကျုပ် ဒီကောင်တွေကိုအိမ်ပြန်လိုက်ပို့တာပါ"
"ချစ်လည်းလိုက်ပို့ပေးပါ့မယ် သူကြီးတစ်ယောက်တည်းဘယ်နိုင်မလည်း နော်"
"ရပါတယ်ဗျာ ကျုပ်နိုင်ပါတယ် မချစ်ချစ်ဖြူသွားစရာရှိတာသွားပါ"
"ဟွန်း သူကြီးကလည်း ချစ်ချစ်ဖြူတဲ့ သူစိမ်းဆန်လိုက်တာ"
ချစ်ချစ်ဖြူလည်း ဟန်မူပိုဟာ နှုတ်ခမ်းကိုထော်လိုက်၏။ သူများအမြင်မှာတော့ ချစ်ဖို့ကောင်းလားမကောင်းလားမသိပေမယ့် သာထက်အမြင်မှာတော့ ဝက်မကြီး ဝမ်းချုပ်နေတဲ့အတိုင်းပင်။ သူ့ဆရာလေး နှုတ်ခမ်းဆူတာလေးနဲ့များကွာပါ့။
"သူကြီးဘာဖြစ်နေတာလဲ"
ကျောင်းဆင်းချိန်မို့ပြန်လာတဲ့ မိုးသောက်တို့တစ်ဖွဲ့က သာထက်အတွက်ကယ်တင်ရှင်ကြီးပင်။
"ဆရာမိုးသောက်ရယ် ဆရာ့ယောကျာ်းနဲ့ ဟိုကောင်မဟော်မူးနေလို့ဗျ"
သူကြီးမျက်နှာကြီးက မန်ကျည်းသီးကို သံပုရာသီးညစ်ပြီးစားထားတဲ့ရုပ်လို ရှုပ်မဲ့နေ၏။ ချစ်ချစ်ဖြူကိုတွေ့ပြီးမှ မိုးသောက်သဘောပေါက်သွားတော့၏
"သူကြီးမေ့နေတာလား ဆရာတော်ခေါ်ထားတယ်လေ ဒီလိုလုပ်ဗျာ ကျုပ်ကသန်းခေါင်ကိုခေါ်သွားမယ် ကိုမဟော့်ကို အကြင်နာနဲ့ စည်တော်ကခေါ်သွားလိုက် သူကြီးကိုယ့်ဘာသာကိုယ် ဆရာတော်ကျောင်းကိုသွား"
သူကြီးကမိုးသောက်ကို ပါးစပ်လှုပ်ရုံမျှဖြင့် ကျေးဇူးပဲဟု ပြော၏။ သို့ပေမယ့် ချစ်ချစ်ဖြူက
"ချစ်လည်း လိုက်မယ်လေ ချစ်လည်းဆရာတော်ကျောင်းကိုမရောက်တာကြာပြီ"
စည်တော် နည်းနည်းတော့ အချဉ်ပေါက်လာ၏။ သူများသူကြီးကိုအတင်းလိုက်ကပ်နေတဲ့ ဟာမကြီး။ သူကြီးက စည်တော့်အားဖွင့်ပြောထားသည်မှာ3လလောက်ရှိပြီ စည်တော်ကလည်း အဖြေပြန်ပေးဖို့စဉ်းစားထားပြီးသား။ ဒါပေမယ့် သူကယောကျာ်းလေးလေ မူရတာပေါ့။
"ကိုကို!"
"ဟမ်"-4
စည်တော်ရဲ့ ကိုကိုလို့ခေါ်သံကြောင့် ချစ်ချစ်ဖြူနဲ့သူကြီးအပါအဝင် အကြင်နာရော မိုးသောက်ရော ပါးစပ်အဟောင်းသားနှင့် မျက်လုံးပြူးသွားရ၏။
YOU ARE READING
မတည့်အတူနေ(U&Z)
Fanfictionမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...