သန်းခေါင်တစ်ကိုယ်လုံးအနီကွက်ပေါင်း သောင်းခြောက်ထောင်ပြည့်နေတဲ့သားဖြစ်သူ သန်းခေါင်ယံလင်းရဲ့စကားကိုမယုံပါ။ ကိုယ်လည်းငယ်ရာကကြီးလာတာပါ။ ဒါကိုဒင်းတို့က လိမ်နေတာ။ အမှန်တိုင်းပြောရင် သဘောမတူမှာကျလို့ ဝဏ္ဏထိုက်ဖုန်းကလည်း ရွာထဲမှာ မူးရူးသောက်စားနေတာကလွဲရင် မိဘအပေါ်လည်းသိတတ်တဲ့ကလေးပါ။ မိန်းမအရှုပ်အရှင်းကလည်းကင်း။ ဒီလိုကလေးနဲ့သဘောမတူစရာလား တူတာပေါ့
"မင်းတို့ သူကြီးလာရင် လက်ထပ်စာချုပ်မှာလက်မှတ်ထိုးဖို့ပြင်"
မိုးသောက်ဒီအဖြစ်အပျက်ကိုကြည့်ရင်း သူတို့စညားပုံကိုတောင်သတိရသွား၏။ သူတို့ကတုန်းကလည်း သူကြီးသာထက်လည်းပါသလို ကိုမင်းမဟော်လည်းပါ၏။ ကွဲလွဲသွားတာဆိုလို့ အမေ့နေရာမှာ အချစ်နဲ့ကိုယ်ဖြစ်သွားပြီး သူတို့နေရာမှာ သားကြီးယံလင်းနဲ့ ဟိုကလေးဖြစ်သွားတာပင်။
"ဖေမှိုင်း သားမတရားခံရတာဗျ သူနဲ့သားဘာမှမဟုတ်ဘူး ဒီအကွက်တွေက ပုရွက်ဆိတ်ကိုက်တာ မယုံရင် ဒီလူမိုက်ကောင်ကိုမေးကြည့်"
"ဟု.....အူးးဝူးးး"
ပြောဖို့ပြင်နေတဲ့ ထိုက်ဖုန်းရဲ့ပါးစပ်ကို နှင်းမြက လက်နဲ့အုပ်လိုက်ပြီး အာဘောင်အာရင်းသံသံဖြင့်
"ဘယ်ကသာ ဦးလေးမှိုင်းရယ် သူတို့နှစ်ယောက်ဘာလိုလိုညာလိုလိုဖြစ်နေတာကို သမီးကိုယ်တိုင် ဟော့ဒီကမျောက်လုံး အဲ မျက်လုံးကြီးနဲ့မြင်ခဲ့တာ အို ပြောရမှာတော့ရှက်ပါရဲ့ ထိုက်ဖုန်းက ယံလင်းကိုအပေါ်ကနေအုပ်မိုးထားတာတော့ ပြီးတော့လေ နှစ်ယောက်သားအကြည့်ချင်းဆုံနေလိုက်ပုံများ အမလေး ကြည်နူးစရာကြီးပါတော်"
နှင်းမြရဲ့မဟုတ်မဟတ်စကားတွေကြောင့် ယံလင်းကခေါင်းတစ်ခါခါနဲ့ ငြင်းတော့၏
"ဖေမှိုင်းမဟုတ်ဘူးနော် ဖေလင်းကူပြောပေးပါအုန်း ဖေတို့ထင်သလိုမဟုတ်ရပါဘူးလို့"
"ဟုတ်ပါတယ် အချစ်ရယ် သားတို့လည်းမောင်တို့တုန်းကလိုဖြစ်တာနေမှာပါ မောင်တို့တုန်းကလည်း အချစ်မောင့်ကို နောက်လိုက်တာ မောင်တု့ညားတဲ့စီရောက်သွားတာပဲ သားတို့လည်း စရင်းနောက်ရင်းလုံးရင်းထွေးရင်းဖြစ်ကြတာနေမှာပါကွာ"

YOU ARE READING
မတည့်အတူနေ(U&Z)
Fanficမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...