(28)

167 10 0
                                    

သန်းခေါင် ညနေခင်းလေး မိုးသောက်တို့မလာသေးတာကြောင့်ရွာထဲကို လမ်းလျှောက်ထွက်လာလိုက်၏။ သူရွာထဲကိုလမ်းမသလားရတာအတော်ပင်ကြာပြီဖြစ်၏။ သူလည်းရွာထဲရောက်တုန်းရောက်ခိုက် ထန်းရည်ဆိုင်ဘက်ထွက်လာလိုက်၏။ မသောက်ရပေမယ့် အနံ့လေးဆော့ရှူချင်သေးတာပေါ့။  ထန်းရည်ဆိုင်က ရွာသုံးရွာရဲ့အလည်မှာဆောက်ထားတာပင်။ ရွာသုံးရွာက ဖိုဖနောင့်သုံးခုလို တည်ထားတာပင်။

"အိုးဟိုး ဘယ်သူများလည်းမှတ်တယ် ယောကျာ်းချင်းယူထားပြီး အောက်ကခံနေတဲ့ကောင်ပဲ"

ဇေကြီးက သီတာရွာကသူကြီးတူ လူဆိုးလူမိုက်ပင်။ သူကြီးကလည်းသားသမီးမရှိတာကြောင့် တူဖြစ်သူကိုအလိုလိုက်အရေးပေးတာကြောင့် ဒီကောင်ကအမောက်တစ်ထောင်ထောင်ဖြစ်နေတာပင်။ ဇေကြီးနဲ့ သန်းခေါင်ကတစ်ခါညှိဘူး၏။ ဇေကြီးကခင်ခင်မေကို အသေရရအရှင်ရရကြိုက်နေတာ ခင်ခင်မေကလည်း သန်းခေါင်မှသန်းခေါင်။ ခင်ခင်မေကသူ့ဘာသာသူလာကြိုက်တာလေ ကိုယ်ကလည်းအတင်းကြိုက်ခိုင်းတာလည်းမဟုတ်ဘူး။ အဲ့တာကိုမဆီမဆိုင် သန်းခေါင့်ကိုပြဿနာလာရှာ၏။ အဲ့တုန်းကထန်းရည်လေးဝင်နေတာကြောင့် လူကစိတ်ရိုင်းလေးနည်းနည်းဝင်နေတာမို့ ဇေကြီးကိုအုတ်ခဲနဲ့ထုခဲ့ဘူး၏။

"ဇေကြီး မင်းအေးဆေးနေကွာ ငါစကားမများချင်ဘူး ကိုယ့်ဘာသာသောက်စရာရှိတာသောက်"

"အေးဆေးနေရမယ် ဟုတ်လား မင်းကြောင့် မင်းမြင်လား"

သူနဖူးကချုပ်ရာကြီးကိုပြကာ သန်းခေါင့်ကိုရန်စနေ၏။ အဲ့ဒဏ်ရာက သေရာပါအမာရွတ်ကြီးလိုဖြစ်နေ၏။

"မြင်တယ် မြင်တယ် ငါတောင်းပန်ပါတယ်ကွာ ကိုယ့်ဘာသာအေးဆေးနေကြပါလို့"

ကိုယ်ဝန်ကြောင့် စိတ်နုနေတာမို့ လူကငိုချင်လာ၏။

"ခွေးပု ကုလား မင်းတို့မြင်လား ဒဿရွာရဲ့ဇိုးက ငါ့ကိုတောင်းပန်နေတာ မင်းတို့မြင်ကြလား ဟားးးဟားးးဟားးး"

ဇေကြီးကသူ့အပေါင်းအပါတွေကိုပါ ပြောရင်း သန်းခေါင့်ကိုလှောင်နေ၏။

"ဇေကြီး ငါတောင်းပန်နေတယ်နော် မင်းဖယ်တော့ ငါအိမ်ပြန်မို့"

မတည့်အတူနေ(U&Z)Where stories live. Discover now