(4)

5K 157 1
                                        

"ဖိုးစီ ဖိုးညီ မင်းတို့ကင်းစောင့်ထားနော် မတင်ပုလာရင် ငါ့ကိုလှမ်းအချက်ပြလိုက်"

"ဟုတ်ကဲ့ကိုကြီးလင်း ချက်ပြီးသွားရင်လည်း ကျုပ်တို့ကိုကျွေးအုန်းဗျ"

"မင်းတို့နှစ်ကောင်ကိုငါသိပ်ကြည့်ရသေးတာမဟုတ်ဘူးနော် မင်းတို့ငါ့ကိုမနေ့ကတစ်ယောက်ထဲထားပြီးထွက်ပြေးသွားကြတာ"

"တစ်ယောက်ထဲမဟုတ်ပါဘူးဗျာ ကိုကြီးမှိုင်းနဲ့နှစ်ယောက်သား မမစိန်တို့ကြည့်တဲ့ တရုတ်ကားထဲလိုအကြည်စိုက်နမ်းနေကြပြီးတော့ ဆရာတော်ကြည့်နေတာတောင်ကိုကြီးမမြင်ဘူးမလား"

"မင်းတို့ကလည်းကွာ ထားတော့ သေချာကြည့်ထားအုန်းနော် မနေ့ကလိုထပ်လုပ်ရင်မင်းတို့ကိုငါမကျွေးတော့ဘူး"

"ဟုတ်ဟုတ်"

လင်းနဲ့ ဖိုးစီတို့ဖိုးညီတို့3ယောက်သာ မတင်ပုဘဲတွေကိုခိုးနေကြခြင်းဖြစ်သည်။ မတင်ပုဆိုသည်မှာအရမ်းကပ်စည်းနဲကော်တရာ အပျိုကြီးအော်‌ေဂျာလန်။ လင်းကသူ့ကိုကြည့်မရလို့ သူ့ဘဲတွေကိုလာသမတာပင်။

'ဂပ် ဂပ်!!!!!'

"ဟဲ့ ငါ့ဘဲခြံထဲဘယ်သူတွေတုန်း မဖြစ်သေးပါဘူးလေ သွားကြည့်မှပါ"

"ကိုကြီးလင်းတွေ မတင်ပုကြီးဒီဘက်ကိုလာနေပြီ ပြေးပြေး"

"ဟာ ဟျောင့်တွေငါ့စောင့်အုန်းလေ"

ထွက်ပြေးသွားတဲ့သကောင့်သားနှစ်ကောင်နောက်ကို လင်းဘဲကြီးပိုက်ပြီးလိုက်ပြေးရတော့၏။

"ဟောဟဲ ဟောဟဲ မောတာကိုကြီးလင်းရာ"

"ငါလည်းမောတာပဲ မင်းတို့ကလည်းအပြေးမြန်တာကွာ"

"နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲဗျို့ ပြေးရတာပဲ တော်ကြာဆရာတော်ဘုရားနဲ့သွားတိုင်နေမှဖြင့် ကြိမ်လုံးဆွမ်းဘုန်းပေးနေရအုန်းမယ်"

"အေးကွာ လာလာသွားကြမယ်"

~~~~~~~~~

"မဟော် ငါ့အဖေနဲ့ ဟိုဂျပုအမေနဲ့မယူအောင်ဘယ်လိုလုပ်ရမလဲ အကြံဉာဏ်လေးဘာလေးပေးစမ်းပါအုန်း"

"အင်းးးးးးပြောရရင်တော့ မင်းအဖေနဲ့သူ့အမေနဲ့ကိုမယူစေချင်ရင် မင်းသူ့အမကိုယူလိုက် ဒါဆိုမင်းအဖေနဲ့သူတို့အမေယူလို့မရတော့ဘူး"

မတည့်အတူနေ(U&Z)Where stories live. Discover now