"သဲနု"
"ပြော"
"နင်တကယ်ငါ့ကိုထားခဲ့တော့မှာလား"
"အေး ထားခဲ့တော့မှာ"
"နင်ရက်စက်တယ်ဟာ ငါ့မှာတော့ချစ်လိုက်ရတာ"
"နင့်ဘာသာနင်ပြောချင်ရာပြော ငါဂရုမစိုက်ဘူး ခုငါ့မှာချစ်သူအသစ်ရနေပြီ သူကနင့်ထက်ရှည်တယ် နင့်လိုလူစဉ်မမှီမဟုတ်ဘူး"
ဋီကာ့ဘဝမှာ အရပ်နဲ့ပတ်သက်ပြီးပြောတာအနာဆုံးပဲ။ ကြိုက်တာပြောပါ သည်းခံနိုင်တယ် အရပ်နဲ့ပတ်သက်ပြီးပြောရင်တော့မရဘူး ဋီကာတို့ကပုတာမဟုတ်ဘူး ဘောင်လွတ်န်းလွတ်အရပ်တွေ သူများမော်မကြည့်ရဲတဲ့အရပ် နှင်းဆီခိုင်အရပ်လေး သူများတွေလို ထန်းပင်လောက်အရပ်မဟူတ်ဘူး
"နင်ငါ့အရပ်ကိုမထိနဲ့ နင်ကြိုက်တာပြောလို့ရတယ် ငါ့အရပ်ကိုသိက္ခာမချနဲ့"
"အေး နင်နဲ့ငါနဲ့ဇာတ်လမ်းပြီးပြီနော်"
"နင့်ရည်းစားအသစ်ရဲ့အရပ်ကဘယ်လောက်လဲ"
"5ပေ8"
"အရပ်တောင်သိနေပြီမသာမ ဘယ်တည်းကခိုးတွဲနေကြလည်းမသိဘူး နင့်လင်အရပ်ပုသေးတယ် သတ္တိရှိရင် ငါ့အစ်ကိုဒီညလင်းနဲ့အရပ်လာပြိုင်ရှည်လိုက်"
"အစ်ကိုအားကိုးဓားမရိုးလုပ်နေတဲ့ကောင် ကိုယ့်အားကိုယ်ကိုးပြီးကျမပြိုင်ရဲဘူး"
"ငါ့မှာအားကိုးစရာအစ်ကိုတွေရှိတယ် ရှိလို့အားကိုးတာ နင်လည်းရှိရင်အားကိုးပေါ့ ငါမေ့နေတာ နင့်မှာအစ်ကိုမှမရှိတာ ဒီတော့ နင့်လင်အသစ်ဆက်ဆက်ကြီးကိုပဲ အားကိုးပြီးအိုးကားလိုက်ပေါ့ သွားပြီမသာမ"
ပြောပြီးတာနဲ့နောက်ကိုလှည့်ကြည့်မနေနတော့ပဲ ပြန်လာမို့ပြင်တော့ အဲ့မသာမက
"အမလေးဟယ် ယောကျာ်းကြီးတန်မယ့်ပြောသွားလိုက်တာမိန်းမကြီးကျနေတာပဲ အေးလေ အခြောက်တွေကမွေးထားတဲ့သားဆိုတော့လည်း"
ဖေတို့ကိုပါထိပါးလာပြီမို့လို့ ဋီကာငြိမ်ခံမနေတော့ပါ။ နောက်ကိုပြန်လှည့်ကာပါးရိုက်လိုက်၏။ မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်လုပ်တယ်ပဲပြောပြော မိဘထိရင်တော့လုပ်မှာပဲ မကျေနပ်လည်းကြိုက်တဲ့နေရာတိုင်လိုက် မှိုင်းဋီကာလင်းတို့က သူကြီးသားယောက်ဖလောင်း ဟွန့်

YOU ARE READING
မတည့်အတူနေ(U&Z)
Fiksi Penggemarမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...