သုံးနှစ်ခန့်ကြာပြီးနောက်
ဒီညတစ်ယောက် မြို့ကိုထွက်သွားတာ3နှစ်ပင်ပြည့်ပြီဖြစ်၏။ မြို့ကဆန်စက်တစ်ခုမှာ အလုပ်ဝင်လုပ်နေတာပင်။ ခုကတော့ဖေမှိုင်းကြောင့် အပီးပြန်လာတာပင်။ ဟိုမှာကချစိရသူလည်းကျန်ခဲ့တော့ ပြန်လာရတာစိတ်မဖြောင့်
"သားည ပြန်လာပြီလား"
ဖေမှိုင်းတို့ကသူ့ကိုထွက်ကြိုနေကြ၏။ ကိုကြီးယံလင်းတို့နဲ့ ကိုကြီးနေ့တို့ မဏိတို့ ဋီကာတို့ကြည်သာတို့တောင်အိမ်ထောင်ရက်သားတွေကြကုန်ကြပြီဖြစ်ပြီး မဏိကသားလေးတစ်ယောက်မွေးထား၏။
"လာလာ ဖေ့သားပင်ပန်းလာရောပေါ့ လာလာ အိမ်ထဲဝင် ဋီကာ မင်းအစ်ကိုအတွက်ရေသွားခပ်ပေးလိုက်အုန်း"
ဖေမှိုင်းကတော့လေ သူ့သားဘာဖြစ်နေလည်းဆိုတာအရင်မမေးဘူး။ ခိုင်းဖို့ကြီးပဲ
"သားထလို့မရဘူး ဟို ဟိုဟာ လုပ်ထားလို့"
"ဒီလောက်ဆိုငါသိပြီ ကြည်သာ သွားခပ်ပေးလိုက်"
"သားလည်းတူတူပဲဖေမှိုင်း"
"ငါ့တယ် ဒီနေ့..."
"သားလည်း သူမသာကိုယ်အသုဘပါပဲဖေမှိုင်း"
"ထားလိုက်တော့ ယံလင်း"
"အာ့လား လားး နာလိုက်တာဗျာ"
"နေလိုက်ပါတော့ကွာ မဏိ"
"ထပ်တူပါ့ဖေမှိုင်းရယ်"
"ငါပဲသွားခပ်တော့မယ် အာ့"
သူလည်းသားတွေနီးတူမို့ ထလိုက်ပေမယ့် နာနေတဲ့ဒဏ်ကြောင့်ပြန်ထိုင်လိုက်၏။ စိတ်ထဲကနေလည်း မိုးသောက်လင်းဆိုတဲ့သူတောင်းစားကိုလည်းကျိန်ဆဲလိုက်၏။ အသက်ကြီးပြီးအချိန်မစီးတဲ့ကောင်။
"နေပါတော့ဗျာ ကျွန်တော့်ဘာသာပဲခပ်သောက်လိုက်ပါ့မယ်"
"အေးကွာ ငါတို့လည်းကိုယ့်ဒုက္ခနဲ့ကိုယ်မို့ပါ"
ဖေမှိုင်းရဲ့ရှုံမဲ့နေတဲ့မျက်နှာကြောင့် ဖေလင်းကိုတစ်ချက်လှမ်းကြည့်လိုက်၏။
"ကဲကဲ ဒီည မင်းကောချစ်သူတွေဘာတွေရနေပြီလား"
"ဟုတ်ကဲ့ သူနဲ့ကျွန်တော်နဲ့ကြိုက်တာ2နှစ်ကျော်လောက်ရှိပါပြီဗျာ့ ကိုကိုကကျွန်တော့်ထက်အသက်ကြီးတယ် ဖေလင်းတို့သဘောတူနိုင်ပါ့မလား"
YOU ARE READING
မတည့်အတူနေ(U&Z)
Fanfictionမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတဲ့ သက်တူရွယ်တူ ကောင်လေးနှစ်ယောက်အကြောင်းကိုစိတ်ကူးယဉ်ဆန်ဆန်ရေးထားတာဖြစ်ပါတယ်ဗျ။ ခုမှစရေးတာမို့အမှားများစွာလည်းပါနိုင်ပါတယ်။ မကောင်းမမှန်းကန်းလေးကိုဖတ်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တော့voteလေးတွေ...